ရှေ့သို့
Image

ယူနိုက်တက်နည်းပြဘ၀ ရန်းနစ် ပထမဆုံးခေါ်ယူမယ့်ကစားသမားက စာချုပ်ဖျက်သိမ်းကြေး ပေါင် ၃၃သန်းသာရှိ

3:41 PM, 28 November

ယူနိုက်တက်ယာယီနည်းပြ ရန်းနစ်ဟာ ပထမဆုံးခေါ်ယူမှုအဖြစ် လိုက်ပ်ဇစ်ကွင်းလယ်လူ ဟိုင်ဒါရာကိုခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ အသက် ၆၃ နှစ်အရွယ်ရှိ ဂျာမနီနိုင်ငံသား ရန်းနစ်ဟာ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတဲ့ ဆိုးလ်ရှားရဲ့နေရာမှာ ယာယီနည်းပြအဖြစ် ၆လစာချုပ်ချုပ်ဆိုထားပြီး သက်တမ်းကုန်ဆုံးချိန်မှာ အသင်းရဲ့ အကြံပေးအဖြစ် ၂ နှစ်ကြာ တာဝန်ယူမှာဖြစ်သလို အမြဲတမ်းနည်းပြခန့်အပ်ဖို့လည်း အကြံပေးမှာဖြစ်ပါတယ်။

The Mirror သတင်းဌာနရဲ့ဖော်ပြချက်အရ ရန်းနစ်ဟာ ဇန်နဝါရီလမှာ ပထမဆုံးခေါ်ယူမှုအဖြစ် လိုက်ပ်ဇစ်ကွင်းလယ်လူ ဟိုင်ဒါရာကို ခေါ်ယူချင်နေတယ်လို့ သိရပါတယ်။ ယူနိုက်တက်ဟာ ဗဟိုကွင်းလယ် ကစားသမားတစ်ဦး အရေးတကြီးလိုအပ်နေပြီး အသက် ၂၃ နှစ်အရွယ်ရှိ ဟိုင်ဒါရာကလည်း စာချုပ်ဖျက်သိမ်းကြေး ပေါင် ၃၃သန်းပဲရှိပါတယ်။

ရန်းနစ်ဟာ ဆဲလ်ဘတ်နဲ့ လိုက်ပ်ဇစ်အသင်းတွေမှာ အားကစားဒါရိုက်တာအဖြစ် တာဝန်ယူခဲ့ပြီး ၂၀၁၉ ခုနှစ်က ဟိုင်ဒါရာကို ပေါင် ၁၇သန်းနဲ့ ခေါ်ယူခဲ့သူဖြစ်ပါတယ်။ မာလီလက်ရွေးစင် ဟိုင်ဒါရာဟာ ပြီးခဲ့တဲ့ရာသီက ပြိုင်ပွဲစုံ ၄၃ပွဲမှာ ၆ဂိုးသွင်းယူနိုင်ခဲ့ပြီး တစ်ချိန်ချိန်မှာ ယူနိုက်တက်အသင်းသားဖြစ်လိုတယ်လို့လည်း ဖွင့်ဟထားပါတယ်။

#မန်ချက်စတာယူနိုက်တက် #အပြောင်းအရွှေ့ #ရန်းနစ် #ဟိုင်ဒါရာ