ရှေ့သို့
Image

ယူနိုက်တက်နည်းပြအဖြစ် ဖာဂူဆန်ရဲ့နေရာမှာ အစားဝင်ဖို့ ကလော့ပ် ငြင်းဆန်ပယ်ချခဲ့

3:33 PM, 28 November

လီဗာပူးအသင်းနည်းပြ ကလော့ပ်ဟာ အသင်းကို အောင်မြင်မှုအများအပြား ရယူပေးထားလို့ ဂန္ထဝင်နည်းပြအဖြစ် သတ်မှတ်ခံထားရပြီးဖြစ်ပေမယ့် တကယ်လို့ ယူနိုက်တက်နည်းပြအဖြစ် ဂန္ထဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်ရဲ့ နေရာမှာ အစားဝင်ဖို့ မငြင်းဆန်ခဲ့ဘူးဆိုရင် လက်ရှိအခြေအနေနဲ့ အရမ်းကိုကွာခြားသွားပါလိမ့်မယ်။

လီဗာပူးဟာ ကလော့ပ်လက်ထက်မှာ ၆ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားရယူနိုင်ခဲ့သလို နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအမှတ်ပေးချန်ပီယံဆုပါ ရယူနိုင်ခဲ့ပြီး အသင်းရဲ့အောင်မြင်မှု၊ ခြေစွမ်းပြနိုင်မှုတွေကြောင့် ကလော့ပ်လည်း လီဗာပူးရဲ့ ဂန္ထဝင်နည်းပြတစ်ဦးအဖြစ် သတ်မှတ်ခံထားရပါတယ်။

ဒါပေမဲ့ ကလော့ပ်ဟာ ၂၀၁၃ ခုနှစ်က ယူနိုက်တက်နည်းပြဖြစ်လာဖို့ အခွင့်အရေးရခဲ့ပြီး ကာယကံရှင်ဖြစ်သူက ပယ်ချခဲ့လို့သာ ယူနိုက်တက်မှာ ကလော့ပ်ကို မမြင်တွေ့ခဲ့ရတာပါ။ ''ကျွန်တော် ဖာဂူဆန်နဲ့ စကားပြောဖြစ်ခဲ့ပါတယ်။ ပြောခဲ့တာကက သိပ်မများပေမယ့် ကျွန်တော့်အတွက်တော့ အများကြီးလိုပါပဲ။ အရိုးသားဆုံးပြောရရင် ဖာဂီနဲ့ ပြောခွင့်ရတာက စစ်မှန်တဲ့ ဂုဏ်ယူမှုဖြစ်ပေမယ့် ဒေါ့မွန်ကနေ မထွက်ခွာနိုင်ခဲ့ပါဘူး။ ပြီးတော့ အဲဒီအချိန်တုန်းက ဧပြီလဆိုတော့ နောက်ရာသီသစ်အတွက် ပလန်တွေ ချနေတဲ့အချိန်ဆိုတော့ အသင်းကနေ ထွက်ခွာဖို့က ဘယ်လိုမှမဖြစ်နိုင်ခဲ့ပါဘူး''လို့ ကလော့ပ်က ၂၀၁၆ ခုနှစ်အတွင်း စကိုင်းစပို့တ်သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောခဲ့ဖူးပါတယ်။

နောက်တစ်ရာသီအကြာမှာ ကလော့ပ်ဟာ ဒေါ့မွန်အသင်းနဲ့အတူ ဘွန်ဒက်စ်လီဂါမှာ ဒုတိယရခဲ့ပြီး ယူနိုက်တက်ကတော့ ဒေးဗစ်မိုယက်စ်ရဲ့လက်အောက်မှာ အဆင့် ၇နေရာပဲ ရခဲ့ပါတယ်။

#လီဗာပူး #မန်ချက်စတာယူနိုက်တက် #ကလော့ပ် #ဖာဂူဆန်