ရှေ့သို့
Image

စပို့တင်းနည်းပြ ရူဘင်အမ်မိုရင်ကို စိတ်ဝင်စားနေတဲ့ ယူနိုက်တက်

1:49 PM, 28 November

သတင်းတွေအရ ယူနိုက်တက်အသင်းဟာ ဆိုးလ်ရှားနေရာအတွက် စပို့တင်းလစ္စဘွန်းနည်းပြ ရူဘင်အမ်မိုရင်ကို ရေရှည်နည်းပြအဖြစ် ခန့်အပ်ဖို့ သတ်မှတ်ထားတယ်လို့ သိရပါတယ်။ ဆိုးလ်ရှားဟာ ပြီးခဲ့တဲ့အပတ်တုန်းက ဝက်ဖို့ဒ်ကို ၄-၁ ဂိုးနဲ့ အရေးနိမ့်ပြီးနောက် ယူနိုက်တက်နည်းပြရာထူးကနေ အထုတ်ခံခဲ့ရပါတယ်။

ယူနိုက်တက်ဟာ ရန်နစ်ကို ယာယီနည်းပြအဖြစ် ၆ လတာစာချုပ်နဲ့ခေါ်ယူခဲ့ကာ ရေရှည်နည်းပြခန့်အပ်ဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ ပိုချက်တီနိုဟာ ယူနိုက်တက်နည်းပြသစ်ဖြစ်လာဖို့ ရေပန်အးစားဆုံးဖြစ်နေပြီး ပီအက်စ်ဂျီကနေလည်း ထွက်ခွာချင်နေပါတယ်။ ဒါပေမယ့် သတင်းဌာနတစ်ခုကတော့ ယူနိုက်တက်ဟာ နည်းပြနေရာအတွက် စပို့တင်းနည်းပြ အမ်မိုရင်ကို ပစ်မှတ်ထားနေတယ်လို့ ဖော်ပြခဲ့ပါတယ်။

အမ်မိုရင်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက ၁၉ နှစ်အတွင်း စပို့တင်းကိုပထမဆုံးဖလားရယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီရာသီမှာလည်း အမ်မိုရင်တစ်ယောက် စွမ်းဆောင်ရည်ကောင်းတွေပြသနေပြီး ဒေါ့မွန်ကိုအနိုင်ရရှိပြီးနောက် ၁၃ နှစ်အတွင်း စပို့တင်းကိုပထမဆုံးအကြိမ် ချန်ပီယံလိဂ်နောက်တစ်ဆင့်ကို ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။

ထို့အတွက်ကြောင့် ယူနိုက်တက်အနေနဲ့ အမ်မိုရင်ကိုခေါ်ယူဖို့ ခက်ခဲနိုင်ဖွယ်ရှိနေပါတယ်။ ယူနိုက်တက်အနေနဲ့ အမ်မိုရင်ကိုလိုချင်တယ်ဆိုရင် လျော်ကြေးပေါင် ၂၅.၂ သန်းလောက်ပေးရဖွယ်ရှိနေပါတယ်။ အခြားတစ်ဖက်မှာလည်း အေဂျက်နည်းပြ တန်ဟက်ကိုလည်းယူနိုက်တက်က စိတ်ဝင်စားနေပါတယ်။ တန်ဟက်ဟာ ရာသီအကုန်မှာ အေဂျက်ကနေ ထွက်ခွာဖွယ်ရှိနေတယ်လို့ သတင်းတွေက ဆိုပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဆိုးလ်ရှား #ရန်းနစ် #ရူဘင်အမ်မိုရင်