ရှေ့သို့
Image

အသင်းဖော်ဟောင်းဖြစ်ခဲ့တဲ့ အက်ရှလေယန်းကို ဗီလာနည်းပြဂျရတ်ချီးကျူး

1:40 PM, 28 November

အက်စတွန်ဗီလာနည်းပြ စတီဗင်ဂျရတ်ကတော့ ခရစ္စတယ်ပဲလေ့စ်ကို အနိုင်ရရှိခဲ့တဲ့ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ အက်ရှလေယန်းကို ဘာလို့ အကောင်းဆုံး ကစားသမားလို့ ပြောရလဲဆိုတာကို ချီးကျူးခဲ့ပါတယ်။ ယန်းကို နည်းပြဂျရတ်က စနေနေ့ ပဲလေ့စ်ကို အဝေးကွင်းမှာ ၂-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်ရဲ့ ပွဲထွက်လူစာရင်းမှာ ထည့်သွင်းခဲ့ပါတယ်။

ဂျရတ်က ယန်းဟာ သူနဲ့ အင်္ဂလန်လက်ရွေးစင်အသင်းမှာ တွဲကစားခဲ့ဖူးသူဖြစ်တာကြောင့် ပွဲထွက်ခွင့်နဲ့ ထိုက်တန်တယ်ဆိုတာကို ကောင်းကောင်းသိကြောင်း ပြောခဲ့ပါတယ်။ ဂျရတ်က  “ကျွန်တော်ဒီကို စရောက်ကတည်းက သူကဒီအသင်းရဲ့ အကောင်းဆုံး ကစားသမားဆိုတာ သိလိုက်ပါတယ် ဒါပေမယ့် တခြားဘာမှတော့ မမျှော်လင့်ပါဘူး။ ကျွန်တော် အက်ရှ်နဲ့ တွဲကစားဖူးတယ်၊ အဲ့ဒါကြောင့် သူ့ခြေစွမ်း သူ့အကျင့်စရိုက်ကို ကျွန်တော်ကောင်းကောင်းသိတယ်”

“သူကပွဲထွက်ခွင့်နဲ့ လုံးထိုက်တန်ပါတယ်၊ ပြီးခဲ့တဲ့တစ်ပတ်လောက်ကတည်းက သူကောင်းကောင်း ကစားပြနိုင်ခဲ့တာပါ။ ထရိန်နင်မှာလည်း အရမ်းကြိုးစားတယ်၊ အသင်းကိုလည်း အစွမ်းကုန် ပံ့ပိုးပေးတယ်။ အဲ့ဒါကြောင့် ဒီနေ့ ပွဲထွက်ခွင့်နဲ့ သူထိုက်တန်နေတာပါပဲ။ ကျွန်တော်ပြောထားတဲ့ အရာအားလုံးကို အသေးစိတ်ကအစ လိုက်နာပြီး ကစားသွားတယ် ” ဆိုပြီး ချီးကျူးခဲ့ပါတယ်။ အက်ရှလေယန်းရဲ့ ပဲလေ့စ်နဲ့ပွဲက rating ကလည်း ၁၀ မှာ ၈.၅ ထိ ရှိခဲ့ပြီး အကောင်းဆုံးကစားသမား တစ်ယောက် ဖြစ်ခဲ့ပါတယ်။

#ခရစ္စတယ်ပဲလေ့စ် #အက်စတွန်ဗီလာ #ဂျရတ် #အက်ရှလေယန်း