ရှေ့သို့
Image

နယူးကာဆယ်နဲ့ ပွဲမှာလည်း နောက်ထပ်အံ့အားသင့်ဖွယ် ကာကွယ်မှုနဲ့ အာဆင်နယ်ပရိသတ်တွေကို ဆွံအစေခဲ့တဲ့ ရမ်စ်ဒေးလ်

1:32 PM, 28 November

အာဆင်နယ်အသင်းပရိသတ်တွေကတော့ နယူးကာဆယ်အသင်းကို ၂-၀ ဂိုးနဲ့အနိုင်ရရှိခဲ့တဲ့ပွဲမှာ လက်စွမ်းပြခဲ့တဲ့ ရမ်စ်ဒေးလ်ကို ဟီးရိုးလို့ဆိုနေကြပါတယ်။ အင်္ဂလန်သားဟာ အာတီတာရဲ့ အာဆင်နယ်အသင်းမှာ လက်စွမ်းပြနေပြီး ၆ ပွဲအထိ ပေးဂိုးမပေးရအောင် စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။ အာဆင်နယ်ဟာ နယူးကာဆယ်အသင်းကို ဆာကာ ၊ ရမ်စ်ဒေးလ်တို့ရဲ့ ဂိုးတွေနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

အဆိုပါနိုင်ပွဲမှာ ရမ်စ်ဒေးလ်ရဲ့လက်စွမ်းက အခရာကျခဲ့ပြီး ရှဲလ်ဗေးရဲ့အဝေးကန်ချက်ကို လှလှပပ ကာကွယ်နိုင်ခဲ့တာ ဖြစ်ပါတယ်။  အင်္ဂလန်သားဟာ ပြီးခဲ့တဲ့လတုန်းကလည်း မက်ဒီဆင်ရဲ့ဖရီးကစ်ကန်ချက်ကို အကောင်းဆုံး လက်စွမ်းတစ်ရပ်နဲ့ ကာကွယ်နိုင်ခဲ့သေးတာဖြစ်ပါတယ်။ အဆိုပါနိုင်ပွဲအပြီးမှာ ဝက်ဖို့ဒ်ဂိုးသမား ဘန်ဖော်စတာအပြင် ပရိသတ်တွေ ၊ ဘောလုံးသုံးသပ်သူတွေရဲ့ ချီးကျူးမှုကိုပါ ရရှိခဲ့ပါတယ်။

အာဆင်နယ်ပရိသတ်တွေဟာ အခုဆိုပေါင်သန်း ၃၀ တန် ရှက်ဖီးလ်ဂိုးသမားဟောင်းရဲ့လက်စွမ်းကို သဘောကျ နှစ်ခြိုက်နေကြပါတယ်။ "ဒီကာကွယ်မှုနဲ့ပတ်သက်ပြီး ကျွန်တော်ငိုမလိုတောင်ဖြစ်ခဲ့ရပါတယ်။ ဘယ်လိုတောင် ကောင်းတာလဲကွာ"လို့ အာဆင်နယ်ပရိသတ်တစ်ဦးက တွစ်တာမှာ ရေးသားခဲ့ပါတယ်။ "ရမ်စ်ဒေးလ်က ဂြိုလ်သားများလားကွာ"ဆိုပြီး နောက်ထပ်ပရိသတ်တစ်ဦးကလည်း ရေးသားခဲ့ပါတယ်။

ရမ်စ်ဒေးလ်ဟာ ဒီရာသီသစ်မှာ လီနိုကိုကျော်ဖြတ်ပြီး ပထမဦးစားပေးဂိုးသမားနေရာကို သိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် လီဗာပူးနဲ့ ၁ ပွဲသာ အရေးနိမ့်ထားကာ ကျန်ပွဲတွေမှာ ရမ်စ်ဒေးလ်ပါဝင်တဲ့ပွဲတိုင်းအနိုင်ရရှိထားပါတယ်။ လာမယ့်အပတ်မှာ ရမ်စ်ဒေးလ်တစ်ယောက် ရော်နယ်ဒိုရဲ့ယူနိုက်တက်နဲ့အစမ်းသပ်ခံရမှာဖြစ်ပါတယ်။

#အာဆင်နယ် #နယူးကာဆယ် #ဆာကာ #ရမ်စ်ဒေးလ်