ရှေ့သို့
Image

ချဲလ်ဆီးနဲ့ ပွဲအတွက် ယူနိုက်တက်လူစာရင်းမှာ ဖီးလ်ဂျုံးစ်လည်းပါဝင်လာ

1:28 PM, 28 November

တနင်္ဂနွေနေ့မှာ ရင်ဆိုင်မယ့် ချဲလ်ဆီးနဲ့ ပွဲအတွက် ယူနိုက်တက်အသင်းလူစာရင်းမှာ ဖီးလ်ဂျုံးစ်လည်း ပါဝင်လာတယ်လို့ သိရပါတယ်။ အသက် ၂၉ နှစ်သားဟာ ဒီရာသီမှာဒဏ်ရာကြောင့် ပါဝင်ကစားခွင့်မရသေးပဲ ဝက်စ်ဟမ်းနဲ့ကာရာဘောင်ဖလားပွဲမှာပဲ လူစားဝင်ကစားခွင့်ရထားပါတယ်။

ဂျုံးစ်ဟာ ယူနိုက်တက်ယူ -၂၃ အသင်းမှာ ကစားရင်းကြံ့ခိုင်မှုရယူနေရကာ ခုတော့ ၂၂ လအတွင်းပထမဆုံးအကြိမ် စီနီယာအသင်းမှာ ပါဝင်ကစားခွင့်ရဖွယ်ရှိနေပါတယ်။ ဂျုံးစ်ဟာ ဗီလာရီးရဲလ်အသင်းနဲ့ချန်ပီယံလိဂ်ပွဲမှာတုန်းက ယူနိုက်တက်အသင်းလူစာရင်းမှာပါဝင်ခဲ့သေးတာဖြစ်ပါတယ်။

ကာရစ်ကတော့ မက်ဂွါရီနေရာမှာ ဖီးလ်ဂျုံးစ်နဲ့အစားထိုးချင်နေပြီး ယူနိုက်တက်အသင်းခေါင်းဆောင်ဟာ ဝက်ဖို့ဒ်နဲ့ပွဲမှာ အနီကတ်ထိထားခဲ့တာဖြစ်ပါတယ်။ ဗာရာနီကလည်း ဒဏ်ရာကြောင့် လွဲချော်မှာဖြစ်ကာ ယူနိုက်တက်နောက်တန်းမှာ လင်ဒီလော့ဖ် နဲ ဘိုင်လီတို့သာရှိနေပါတယ်။

ဖရက်ဒ်ဟာ ဒဏ်ရာရရှိနေပြီးနောက် လန်ဒန်ကို ယူနိုက်တက်အသင်းလူစာရင်းနဲ့အတူ လိုက်ပါလာခဲ့ပါတယ်။ "ဖရက်ဒ်က ခြေကျင်းဝတ်လည်သွားတာပါ။ သူဆက်လုပ်နေပါတယ်။ အဆင်ပြေလား မပြေဘူးလားဆိုတာ စောင့်ကြည့်ရမှာပါ"လို့ ကာရစ်က ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်ဟာ နောက်ဆုံးပရီးမီးယားလိဂ် ၇ ပွဲမှာ ၅ ပွဲအထိ အရေးနိမ့်ထာခဲ့ကာ ချဲလ်ဆီးကတော့ ချန်ပီယံလိဂ်မှာ ဂျူဗင်တပ်စ်ကို ၄ ဂိုးပြတ်နဲ့ အနိုင်ရရှိထားပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဗာရာနီ #ချဲလ်ဆီး #ဖီးလ်ဂျုံးစ် #ကာရစ်