ရှေ့သို့
Image

ယူနိုက်တက်နဲ့ ပွဲမတိုင်ခင် ဒဏ်ရာရအခြေအနေရှိနေတဲ့ ဆာကာ

1:22 PM, 28 November

စနေနေ့ နယူးကာဆယ်အသင်းကို ၂ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ အာဆင်နယ်ကစားသမား ဆာကာ ဒဏ်ရာရရှိခဲ့တာကြောင့် လာမယ့်အပတ် ယူနိုက်တက်နဲ့ပွဲကို လွဲချော်ဖို့များနေတယ်လို့ သိရပါတယ်။ အာဆင်နယ်ဟာ ကြာသပတေးနေ့မှာ ယူနိုက်တက်အသင်းနဲ့ အဝေးကွင်းမှာ အစမ်းသပ်ခံရမှာဖြစ်ကာ ရန်နစ်ရဲ့ ပထမဆုံးပွဲလည်းဖြစ်ပါတယ်။

နယူးကာဆယ်နဲ့ပွဲမှာ ဆာကာတစ်ယောက် ဒဏ်ရာရရှိခဲ့တာကြောင့် မာတီနယ်လီနဲ့ လူစားလဲခဲ့ရပါတယ်။ အင်္ဂလန်သားဟာ လူစားလဲမခံရခင်မှာ တာဗာရက်စ်ရဲ့ပါးပါးနပ်နပ်ဖန်တီးပေးမှုကနေ ဦးဆောင်ဂိုး သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဆာကာတစ်ယောက် တင်ပါးဒဏ်ရာရရှိခဲ့ကာ မာတီနယ်လီနဲ့ လူစားလဲခဲ့ရပြီး လာမယ့်အပတ်မှာ ပါဝင်နိုင်ဖို့ မသေချာတဲ့အနေအထားရောက်လာပါတယ်။

ဘရာဇီးဟာ လူစားဝင်ပြီးသိပ်မကြာခင်မှာပဲ တိုမီယာဆုရဲ့ ဖန်တီးပေးမှုကနေ နောက်ထပ်ဦးဆောင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒါ့ပြင် ပင်နယ်တီရမယ့်အခွင့်အရေးကိုလည်း ကွင်းလယ်ဒိုင်က ငြင်းဆန်ခဲ့တာကြောင့် နောက်ထပ်ဦးဆောင်ဂိုးမရခဲ့တာဖြစ်ပါတယ်။

#အာဆင်နယ် #နယူးကာဆယ် #ဆာကာ #မာတီနယ်လီ #ရန်းနစ်