ရှေ့သို့
Image

ယူနိုက်တက်က ရန်းနစ်ကို ယာယီနည်းပြ ခန့်မယ့်အပေါ် သူ့ရဲ့အမြင်ကို ပြောပြလိုက်တဲ့ ရွန်းနီ

9:49 AM, 28 November

ဝိန်းရွန်းနီက ရက်ဖ် ရန်းနစ်ဟာ ယူနိုက်တက်မှာ ခက်ခဲတဲ့အလုပ်ကို လုပ်ရမှာ ဖြစ်ပေမဲ့ ဂျာမန်သားဟာ အသင်းကို တည်ငြိမ်မှု ယူဆောင်လာပေးလိမ့်မယ်လို့ ယုံကြည်နေပါတယ်။ ဆိုးလ်ရှားကို တနင်္ဂနွေနေက ထုတ်ခဲ့ပြီးနောက် ယူနိုက်တက်ဟာ ဝါရင့်နည်းပြ ရန်းနစ်ကို ရာသီကုန်ထိ ခန့်အပ်ဖို့ သဘောတူညီမှု ရခဲ့ပါတယ်။ ရှော်လ်ကေး၊ ဟော့ဖန်ဟိမ်းနဲ့ လိုက်ပ်ဇစ်တို့ကို ကိုင်တွယ်ခဲ့တဲ့ ၆၃နှစ်သားကို ယူနိုက်တက်က လာမယ့်နှစ်ကနေ စပြီး အကြံပေးရာထူးနဲ့ ဆက်ခန့်ထားဖို့ သဘောတူခဲ့ပါတယ်။

ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် နောက်ဆုံး ၇ပွဲမှာ ၅ပွဲရှုံးထားပြီး ယခုနှစ်ရာသီ ထိပ်သီး၄သင်းထဲဝင်ဖို့ ရုန်းကန်ရရန် ရှိနေပါတယ်။ ဒါပေမဲ့ ရွန်းနီကတော့ ရန်းနစ်ကို ခန့်အပ်ခဲ့တာဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်ကြောင်း ပြောခဲ့ပါတယ်။ ရွန်းနီက "သူ ပွဲတွေမှာ တကယ့်ကို လေးစားမှု ရရှိမှာ ဖြစ်ပြီး ယူနိုက်တက်မှာတော့ ခက်ခဲတဲ့အလုပ်ကို လုပ်ရမယ်လို့ ထင်ပါတယ်"

"သူ့ရဲ့အရည်အချင်းအပေါ် ပြောချင်တာ မဟုတ်ပဲ ၆လလောက်ပဲ ကိုင်ပြီး သူကစားစေချင်တဲ့ ကစားကွက်နဲ့ ကစားပုံကို ကစားစေတာကို ပြောချင်တာပါ" "ဒါပေမဲ့ သူက အတွေ့အကြုံရင့်သူ တစ်ဦးဖြစ်ပြီး သူ့မှာ ရှိတဲ့ ကစားသမားတွေနဲ့ အကောင်းဆုံး အထိုင်ကျအောင် လုပ်ကာ အသင်းကို တည်ငြိမ်မှု ယူဆောင်လာနိုင်သလို ဆုဖလားတွေအတွက်လည်း မျှော်လင့်လို့ ရနိုင်ပါတယ်"

"ယူနိုက်တက်က ဒီနှစ်ရာသီ ဆုဖလားတွေရရဖို့ လုံလောက်တဲ့ လူစာရင်းကို ပိုင်ဆိုင်ထားပြီး မှန်ကန်တဲ့ နည်းပြခန့်အပ်မှုက အကောင်းဆုံး အခွင့်အရေး ရလာစေမယ်လို့ ထင်ပါတယ်"လို့ ပြောခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဆိုးလ်ရှား #ရွန်းနီ #ရန်းနစ်