ရှေ့သို့
Image

လူစားဝင်ဝင်လာချင်း ဂိုးသွင်းနိုင်တဲ့ မာတင်နယ်လီရဲ့ ခြေစွမ်းအပေါ် အာတီတာရဲ့ မှတ်ချက်စကား

9:24 AM, 28 November

မီကယ် အာတီတာက ယမန်နေ့ည နယူးကာဆယ်နဲ့ ပွဲစဉ်မှာ လူစားဝင်ဝင်လာချင်း ဂိုးသွင်းနိုင်ခဲ့တဲ့ မာတင်နယ်လီကို ချီးကျူးခဲ့ပြီး ကြီးကျယ်တဲ့ အခိုက်အတန့် ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ ယမန်နှစ်ရာသီမှာ ရရှိခဲ့တဲ့ ဒဏ်ရာကနေ ပြန်သက်သာလာတဲ့ ဘရာဇီးအသင်းဟာ ယခုနှစ်ရာသီ အခွင့်အရေးရဖို့ ရုန်းကန်နေရပြီး ယမန်နေ့ညပွဲမှာတော့ အခွင့်အရေးရရချင်း ဂိုးသွင်းနိုင်ခဲ့ပါတယ်။

ပွဲချိန် ၅၆မိနစ်မှာ ဆာကာက ထောင့်ဖြတ်ကန်ချက်နဲ့ ဦးဆောင်ဂိုး သွင်းခဲ့ပြီး သိပ်မကြာခင်မှာတော့ အင်္ဂလန်သားတစ်ယောက် ဒဏ်ရာရသွားလို့ မာတင်နယ်လီနဲ့ လူစားလဲခဲ့ရပါတယ်။ အရန်ခုံကနေ လူစားဝင်လာပြီး သိပ်မကြာခင်မှာပဲ မာတင်နယ်လီဟာ တိုမီယာဆုရဲ့ မ တင်ပေးမှုကနေ မြေမကျကန်ချက်နဲ့ ကန်သွင်းကာ ဂန်းနားတွေအတွက် အနိုင်သေချာစေမယ့်ဂိုး သွင်းယူပေးခဲ့ပါတယ်။

ပွဲအပြီးမှာ အာတီတာက ဆာကာနဲ့ မာတင်နယ်လီတို့ရဲ့  အဆုံးသတ်ပိုင်းကောင်းမွန်မှုအပေါ်  ချီးကျူးသွားခဲ့ပါတယ်။ အာတီတာက "ဘူကာယိုရဲ့ အဆုံးသတ်ပိုင်းနဲ့ တွဲဖက်ကစားပုံတအပြင် ဧရိယာထဲ​ နေရာယူပြီး ဂိုးပေါက်ထဲ ဝင်အောင်ကန်လိုက်တဲ့ ပုံစံ တကယ်မိုက်ပါတယ်"

"ဂါဘီရဲ့ ပြေးထွက်မှုကလည်း တကယ့်လှုပ်ရှားမှုကောင်း ဖြစ်ပြီး တိုမီရဲ့ ပေးပို့ပုံကလည်း တကယ်ကောင်းပါတယ်။ နည်းစနစ်ပိုင်းက ထိပ်တန်း ဖြစ်ပြီး ဘောလုံးက ခေါင်းပေါ်က ကျော်ပြီးကျလာတဲ့အချိန် တန်းပြီး အဆုံးသတ်နိုင်တာ တကယ်မိုက်ပါတယ်"လို့ ပြောခဲ့ပါတယ်။ အာတီတာက မာတင်နယ်လီရဲ့  အသင်းအပေါ် အကျိုးသက်ရောက်ခဲ့မှုကြောင့် ဒီထက်ပိုတဲ့ ပွဲကစားချိန်နဲ့ ထိုက်တန်ကြောင်း ဝန်ခံခဲ့ပါတယ်။

"ဒါက သူ့အတွက် ကြီးမားတဲ့ အခိုက်အတန့် ဖြစ်ပြီး သူ လုပ်ပြခဲ့တာအတွက် ကျွန်တော် တကယ်ပျော်ပါတယ်။ ကစားသမားအချို့က ဆုံးဖြတ်ချက်အချို့ လုပ်ရတဲ့အခါ လေးစားမှုအပြည့်ရှိပြီး မာတင်နယ်လီလို ကစားသမားမျိုးကတော့ ပိုပြီးလေးစားမှုရှိကာ စိတ်ရှည်ပေမဲ့ တကယ့်ကို ကြိုးစားနေပါတယ်" "သူ ဒီထက်ပိုထိုက်တန်တာကြောင့် ဆုံးဖြတ်ချက်တွေ ပိုခိုင်မာလာတာ တွေ့ရပါတယ်။ သူ ဒီနေ့ အသင်းကို ရလဒ်ကောင်းအောင် လုပ်ပေးနိုင်ခဲ့လို့ ကျွန်တော် တကယ် ကျေနပ်ပါတယ်"လို့ ပြောခဲ့ပါတယ်။

#အာတီတာ #နယူးကာဆယ် #ဆာကာ #မာတင်နယ်လီ