ရှေ့သို့
Image

ဝုဖ်ဘတ်နဲ့ပွဲမှာ ဂိုးသွင်းအပြီး အောင်ပွဲခံစဉ် အမျိုးသမီးပရိသတ်၁ဦးရဲ့ အဆဲခံလိုက်ရဲ့ ဟာလန်း

8:50 AM, 28 November

ယမန်နေ့ည ဝုဖ်ဘတ်နဲ့ပွဲစဉ်မှာ အာလင်း ဟာလန်းတစ်ယောက် အမျိုးသမီး ပရိသတ်တစ်ဦးရဲ့ လက်ခလယ်ထောင်ပြခြင်းခဲခဲ့ရတာ မြင်တွေ့ခဲ့ရပါတယ်။ ၂၁နှစ်သားဟာ ဒဏ်ရာကနေ ပြန်သက်သာလာကာ အရန်ခုံကနေ ထလာပြီး ဒေါ့မွန်အတွက် ဂိုးပြတ်နိုင်ပွဲတစ်ခု ဖန်တီပေးခဲ့ပါတယ်။

ဂိုးသွင်းခဲ့ပြီးနောက် ဟာလန်းဟာ အိမ်ကွင်းပရိသတ်တွေရှေ့သွားပြီး ဒူးကောက်ကာ လက်ညိုးထိုးပြီး အောင်ပွဲခံခဲ့တာ ဖြစ်ကာ ပြိုင်ဘက် ပရိသတ်ဖြစ်သူ အမျိုးသမီးတစ်ဦးအတွက် ပေါက်ကွဲချင်စရာ ဖြစ်ခဲ့ပါတယ်။ ဂိုးပေးလိုက်ရတဲ့အတွက် ပေါက်ကွဲနေတဲ့ အမျိုးသမီး ပရိသတ်ဟာ ဟာလန်းကို ချက်ချင်းဆိုသလို လက်ခလယ် ပြန်ထောင်ပြခဲ့ပါတယ်။

သူမဟာ ဟာလန်းထံ တစ်ခုခု လှမ်းပြောလိုက်တာ မြင်ရပေမဲ့ အဆိုပါနေရာအတွက် မိုက်က အလှမ်းမမီတာကြောင့် ဘာပြောလိုက်မှန်း မသိလိုက်ရပါဘူး။ ဟာလန်းဟာ ဒဏ်ရာကြောင့် ကာလရှည် နားခဲ့ရပြီးနောက် ပထမဆုံး ပြန်ကစားတဲ့ပွဲမှာတင် ဂိုးသွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ ယခုအချိန်မှာဆိုရင် ဘွန်ဒက်စ်လီဂါ ၅ပွဲဆက် ဂိုးသွင်းနိုင်ပြီ ဖြစ်ပြီး လိဂ်ပွဲ၇ပွဲမှာ ၁၀ဂိုးအထိ သွင်းထားခဲ့ပါတယ်။ အဆိုပါ ခြေစွမ်းတွေကြောင့် ဇန်နဝါရီ အပြောင်းအရွှေ့မှာတော့ ဟာလန်းတစ်ယောက် အသင်းကြီးတွေကို ဆွဲဆောင်ဦးမှာ ဖြစ်ပါတယ်။

ရန်းနစ် ရောက်လာမယ့် ယူနိုက်တက်လည်း ဟာလန်းကို ခေါ်ယူရေး ကစားပွဲထဲ ဝင်ရောက်လာနိုင်တာ ဖြစ်ပါတယ်။ ဒါပေမဲ့ အေးဂျင့် ရွိုင်းအိုလာကတော့ ဟာလန်းဟာ စပိန်မှာ နေချင်ပြီး အိမ်တစ်လုံးလည်း ဝယ်ထားကြောင်း ဖွင့်ဟခဲ့ပါတယ်။ ဒါကြောင့် ဟာလန်းတစ်ယောက် ရီးရဲလ်မက်ဒရစ် ဒါမှမဟုတ် ဘာစီလိုနာကို ပြောင်းမလားဆိုတာ စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။

#ဒေါ့မွန် #ဝုဖ်ဘတ် #ရွိုင်းအိုလာ #ရန်းနစ်