ရှေ့သို့
Image

စတုဂတ်တိုက်စစ်မှူး ဆာဆာကာလာဇစ်ကို စိတ်ဝင်စားလာတဲ့ တော့တင်ဟမ်

6:14 PM, 27 November

တော့တင်ဟမ်အသင်းဟာ စတုဂတ်တိုက်စစ် ဆာဆာကာလာဇစ်ကို လာမယ့်အပြောင်းအရွှေ့မှာ ခေါ်ယူမယ့် ပစ်မှတ်တစ်ခုအဖြစ်နဲ့ စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ သြစတီးယားသားဟာ သြဂုတ်လကတည်းက ရရှိခဲ့တဲ့ ဒဏ်ရာကနေ မကြာသေးမီကမှ ပြန်လည်သက်သာလာခဲ့ပြီး စတုဂတ်အတွက် ကစားပေးနေပြီ ဖြစ်ပါတယ်။ 

တော့တင်ဟမ်ဟာ ဘွန်ဒက်လီဂါကလပ်နဲ့ ၂၀၂၃ ထိ စာချုပ်သက်တမ်းရှိတဲ့ ကာလာဇစ်ကိုလည်း တိုက်စစ်မှူးနေရာအတွက် ရွေးချယ်စရာတစ်ခုအဖြစ် သတ်မှတ်ထားပါတယ်။အသက် ၂၄ နှစ်နဲ့ အရပ် ၆ ပေ ၅ လက်မကျော်ရှိတဲ့ တိုက်စစ်မှူးကို မြောက်လန်ဒန်ကလပ်အပြင် ချဲလ်ဆီး၊ လိုက်ပ်ဇစ်နဲ့ အေစီမီလန်တို့ကလည်း လာမယ့်နွေရာသီမှာ ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ 

စာချုပ်သက်တမ်း ကျန်ရှိနေသေးပေမယ့် စတုဂတ်ကလည်း သူတို့ရဲ့ အဓိကတိုက်စစ်မှူးကို စာချုပ်သက်တမ်းတိုလိုနေပါတယ်။ ဒါပေမယ့် လက်ရှိအသင်းကြီးတွေရဲ့ စိတ်ဝင်စားမှုကြောင့် သက်တမ်းတိုးမယ့် ကိစ္စကတော့ ဖိအားပိုများလာပါတယ်။ ၂၀၁၈ မှာ စတုဂတ်ကို ရောက်ရှိလာတဲ့ ကာလာဇစ်ဟာ စတုဂတ်အတွက် ၄၃ ပွဲကစားထားပြီး သွင်းဂိုး ၁၈ ဂိုးနဲ့ ဂိုးဖန်တီးမှု ၇ ကြိမ်ပြုလုပ်ထားပါတယ်။ 

#တော့တင်ဟမ် #စတုဂတ် #ကာလာဇစ်