ရှေ့သို့
Image

လီဗာပူးက ချိတ်ဆက်နေပေမယ့် မေဆင်မောင့်ကို ဆက်ထိန်းနိုင်မယ်လို့ ချဲလ်ဆီး ယုံကြည်နေ

1:41 PM, 27 November

ချဲလ်ဆီးအသင်းကတော့ လီဗာပူးအသင်းက စိတ်ဝင်စားနေတဲ့ မေဆင်မောင့်ကို အသင်းမှာ ဆက်ထိန်းနိုင်မယ်လို့ ယုံကြည်နေပါတယ်။

အင်္ဂလန်သားဟာ ချဲလ်ဆီးအသင်းမှာ နေရာမရတာကြောင့် မပျော်မရွှင်ဖြစ်နေပြီး လီဗာပူး နဲ့ ရီးရဲလ်တို့ကလည်း စိတ်ဝင်စားနေကြပါတယ်။ ဒါပေမယ့် မယ်ရာသတင်းဌာနကတော့ ချဲလ်ဆီးဟာ အသက် ၂၂ နှစ်သားကို အသင်းမှာပဲဆက်ထိန်းနိုင်မယ်လို့ ယုံကြည်နေကြောင်း ဖော်ပြခဲ့ပါတယ်။

မေဆင်မောင့်နဲ့ချဲလ်ဆီးတို့ကြားစာချုပ်သက်တမ်းဟာ ၂၀၂၄ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်ကာ စာချုပ်သစ်အတွက် သဘောတူညီမှုမရသးတာဖြစ်ပါတယ်။ ချဲလ်ဆီးကတော့ အဓိကကစားသမားတွေကိုအသင်းမှာပဲဆက်ထိန်းဖို့ ပြင်ဆင်နေကာ မေဆင်မောင့်ကိုလည်း ဆက်ထိန်းနိုင်မယ်လို့ ယုံကြည်နေပါတယ်။

အင်္ဂလန်သားဟာ ဒီရာသီချဲလ်ဆီးအတွက် ပရီးမီးယားလိဂ် ၁၂ ပွဲမှာ ၆ ပွဲသာ ပွဲထွက်ခွင့်ရရှိခဲ့ကာ ပြီးခဲ့တဲ့ရာသီတုန်းကတော့ ၃၆ ပွဲ အထိ ပါဝင်ကစားခွင့်ရခဲ့ကာ မန်စီးတီးနဲ့ချန်ပီယံလိဂ်ဖိုင်နယ်မှာ ကိုင်ဟာဗက်ဇ်ရဲ့အနိုင်ဂိုးကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။

#လီဗာပူး #ချဲလ်ဆီး #မေဆင်မောင့်