ရှေ့သို့
Image

နည်းပြသစ်နဲ့ ယူနိုက်တက်က ဒုက္ခပေးနိုင်တယ်လို့ ချဲလ်ဆီးကို ပီတာချက် သတိပေး

12:55 PM, 27 November

ပီတာချက်က မနက်ဖြန်ည ပွဲစဉ်မှာ အသွင်သစ်နဲ့ ယူနိုက်တက်အပေါ် သတိထားကစားဖို့ ချဲလ်ဆီးအသင်းကို သတိပေးသွားခဲ့ပါတယ်။

ယူနိုက်တက်ကို ယာယီနည်းပြအဖြစ် ကာရစ်က ကာကွယ်နေပြီး ရန်းနစ်ကိုလည်း ယာယီနည်းအဖြစ် ၆လ ခန့်အပ်ဖို့ သဘောတူညီမှု ရထားကာ နည်းပြသစ်နဲ့ ပထမဆုံးပွဲမှာတော့ ဗီလာရီးရဲလ်ကို ၂ဂိုးပြတ် အနို်ငရထားပါတယ်။ ၃၉နှစ်အရွယ် ပီတာချက်က အသွင်သစ်နဲ့ ယူနိုက်တက်ကို လျော့မတွက်ပဲ ကစားဖို့ နည်းပြ တူချယ်အား သတိပေးမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။

ပီတာချက်က "ကျွန်တော်တို့ ချက်မှာဆိုရင် ဆိုရိုးစကားရှိပါတယ်။ အသစ်ဖူးပွင့်လာသူက ပိုပြီး တောက်ပတယ်ဆိုတာပါ။ နည်းပြသစ်နဲ့ အသင်းကို ရင်ဆိုင်ရတာက အန္တရာယ်များပါတယ်။ ယူနိုက်တက်လည်း အဲ့ဒါကို မျှော်လင့်နေတာ ဖြစ်ပြီး နည်းပြပြောင်းလိုက်ရင် တုံ့ပြန်မှု တစ်ခုခုတော့ ရှိလာတာပါပဲ""ချက်ချင်းဆိုသလိုပဲ အားလုံးက အစကနေ ပြန်စကြတာပါ။ နည်းပြသစ်က အတွေအခေါ်သစ်တွေ၊ နည်းစနစ်သစ်တွေ၊ အစီအစဉ်သစ်တွေ ယူဆောင်လာလေ့ ရှိပါတယ်။ နည်းပြထွက်သွားတာတောင်မှ အားလုံးက ဆက်ရှိနေတာကြောင့် အားလုံးက အသစ်ပြန်စကြရတာပါ"

"အပြောင်းအလဲ လုပ်တာက တီထွင်မှုအသစ်တွေနဲ့ စိတ်ဓာတ်အသစ်တွေကိုလည်း ရရှိစေပါတယ်။ အင်အားတွေလည်း အပြောင်းလဲ ရှိလာပြီး ရင်ဆိုင်ရတဲ့ အသင်းတွေအတွက် ခက်ခဲမှုတွေ ဖြစ်ပေါ်စေပါတယ်""စိုးရိမ်စရာက စိတ်ဓာတ်တက်နေတဲ့အသင်းနဲ့ တွေ့တဲ့အခါ အစမှာ ယုံကြည်မှု ပိုရစေပါတယ်။ နောက်တစ်ခုကတော့ ဘယ်လောက် ကောင်းအောင် ကစားနိုင်တယ်၊ ကစားကွက်နဲ့ ဘယ်လောက်ထိ အသားကျတယ်၊ ပွဲကို ဘယ်လောက်ထိ ထိန်းချုပ်နို်ငတယ်ဆိုတဲ့အပေါ် မူတည်ပါတယ်"လို့ ပြောခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ဆိုးလ်ရှားကို မထုတ်ခင် ၅ပွဲထိ နိုင်ပွဲပျောက်ခဲ့ပေမဲ့ ဗီလာရီးရဲလ်နဲ့ပွဲမှာတော့ ပြန်လာနိုင်ခဲ့ပြီး ဗန်ဒီဘိခ်၊ မာရှယ်တို့လည်း ရှားရှားပါးပါး ပွဲထွက်ခွင့် ပြန်ရလာကာ အိုးထရက်ဖို့ဒ် အကောင်းတွေ မြင်တွေ့ခဲ့ရပါတယ်။ ချဲလ်ဆီးဘက်မှာတော့ ချီဝဲလ်၊ ကိုဗာဆစ်နဲ့အတူ ကန်တီလည်း လွဲချော်နိုင်ပေမဲ့ လူကာကူကတော့ ဒဏ်ရာကနေ ပြန်လာပြီးနောက် ယူနိုက်တက်နဲ့ပွဲမှာ ပြန်လည် ပါဝင်လာနိုင်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ချဲလ်ဆီး #ပီတာချက်