ရှေ့သို့
Image

ရန်းနစ်က ယူနိုက်တက်အတွက် အလှည့်အပြောင်းဖြစ်စေမယ့် နည်းပြဆိုပြီး တူချယ် ထောက်ခံပြောကြား

8:57 AM, 27 November

သောမက်စ် တူချယ်က ယူနိုက်တက်ထံကနေ ယခုနှစ်ရာသီ ဒီထက်ပိုမျှော်လင့်ထားကြောင်း ဝန်ခံခဲ့ပါတယ်။

ဆရာဟောင်း ရန်းနစ်က ယူနိုက်တက်ကို ကိုင်တွယ်တော့မယ့် အခြေအနေမှာ တူချယ်က ယခုလို ပြောကြားသွားခဲ့တာလည်း ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ နွေရာသီအတွင်း ဆန်ချို၊ ဗာရာနီနဲ့ ရော်နယ်ဒိုတို့ကို ခေါ်ယူထားခဲ့ပေမဲ့ ဇယားထိပ်က ချဲလ်ဆီးနဲ့ ၁၂မှတ်ကွာနေကာ အဆင့်၈နေရာမှာ ရှိနေခဲ့ပါတယ်။

တူချယ်က "ကျွန်တော် သူတို့ဆီကနေ ဒီထက်ပို မျှော်လင့်ခဲ့ပြီး ခုလည်း မျှော်လင့်နေဆဲပါ။ ဒီရာသီ လိဂ်ဖလား ပြိုင်ဆိုင်မှုကနေ ဘယ်အသင်းကိုမှ ဖယ်ထုတ်သွားမှာ မဟုတ်ပါဘူး။ လိဂ်မှာ ထူးခြားတဲ့အသင်းရှိပြီး အတွေ့အကြုံပိုင်းနဲ့ တစ်ဦးချင်းအရည်အချင်းပိုင်းမှာ ထိပ်တန်းအဆင့် ကစားသမားတွေရှိတာကြောင့် ခုလို ပြောရတာ ဖြစ်ပါတယ်"လို့ ပြောခဲ့ပါတယ်။

ဂျာမန် ဂေါ့ဖားသားလို့ အမည်ရတဲ့ ရန်းနစ်ကို ယူနိုက်တက်က ခန့်အပ်တော့မှာ ဖြစ်ပြီး ဂျာမန်သားကို တူချယ်အပါအဝင် နည်းပြအများအပြားက အထူးလေးစားကြပါတယ်။ ULMမှာ တူချယ်က ရန်းနစ်လက်အောက်မှာ ကစားခဲ့ပြီး နောက်ပိုင်းမှာလည်း ရန်းနစ်ကပဲ တူချယ်ကို နည်းပြလမ်းကြောင်းပေါ် တင်ပေးခဲ့ပါတယ်။

တူချယ်ဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံးနည်းပြတစ်ဦးအဖြစ် သတ်မှတ်ခံထားရပြီး နာမည်ကျော်နည်းပြတွေဖြစ်တဲ့ ဂွါဒီယိုလာ၊ ကလော့ပ်၊ ကွန်တီတို့နဲ့အတူ ပရီးမီးယားလိဂ်မှာ ယှဉ်ပြိုင်နေခဲ့ပါတယ်။ တူချယ်က ရန်းနစ်ဟာ ပရီးမီးယားလိဂ် ထိပ်တန်းနည်းစနစ်ပိုင်ရှင် ၁ဦး အလျင်အမြန် ဖြစ်လာလိမ့်မယ်လို့ ထောက်ခံ ပြောကြားခဲ့ပါတယ်။

"နည်းစနစ်ပိုင်းအရဆိုရင် သူက အထူးကောင်းမွန်တဲ့ နည်းပြတစ်ယောက်ပါ။ သူက ကျွန်တော့်နည်းပြဖြစ်လို့ ကူညီမှုတွေ ပေးခဲ့ပါတယ်။ အဲ့ဒီနောက် ကျွန်တော် နည်းပြဘ၀ စတင်ဖို့ သူကပဲ အဓိကျတဲ့နေရာက ပါဝင်ခဲ့ပါတယ်။ ဒါကြောင့် အဲ့ဒီအချိန်တုန်းက ကျွန်တော်တို့ အားလုံးကို သူက လွှမ်းမိုးထားခဲ့ပါတယ်။ သူက ဘောလုံးပွဲတွေမှာ toiletသွားတဲ့ သူတွေရဲ့နောက် မလိုက်သင့်ဘူးဆိုတာ ပြသခဲ့သလို၊ ဒီနှစ်ပိုင်းတွေမှာ အသုံးပြုနေတဲ့ တိုက်စစ်မှူးတွေနောက် ခံစစ်မှူးတွေ လိုက်ပါတာမျိုးကလည်း သူပဲ ပြခဲ့တာပါ။ အားလုံးက ခံစစ်ကစားနိုင်တဲ့အကြောင်း သူ ပြသခဲ့ပြီး နောက်အရာတွေလည်း ရှိပါသေးတယ်"

"ဂျာမနီမှာ နောက်ခံလူ၄ယောက် စတင်အသုံးပြုခဲ့သူ ဖြစ်ပြီး တစ်ဦးချင်း မာကင်မကပ်တဲ့ စတိုင်ကို စတင်မိတ်ဆက်ကာ ၄-၄-၂ပုံစံနဲ့ high press ကစားတဲ့ပုံစံကို ပြသခဲ့ပြီး ဂျာမန်ဘောလုံးလောကရဲ့ ဖွံ့ဖြိုးတိုးတက်မှုမှာ အဓိကျတဲ့ နေရာကနေ ပါနေဆဲ​ ဖြစ်တာကြောင့် သူက နည်းစနစ်ပိုင်းအရ အထူးကောင်းမွန်တဲ့ နည်းပြပါပဲ"လို့ ပြောခဲ့ပါတယ်။

ဆက်လက်ပြီး တူချယ်က ယူနိုက်တက်အတွက် အကြံမပေးလိုပဲ အားလုံးက ကိုယ့်သဘောနဲ့ကိုယ် ဆုံးဖြတ်ကြရမယ်လို့ ပြောသွားခဲ့ပါတယ်။ #မန်ချက်စတာယူနိုက်တက် #တူချယ် #ရန်းနစ်