ရှေ့သို့
Image

ယာယီနည်းပြ ရန်းနစ်ဖြစ်လာဖို့ နီးစပ်နေသော်လည်း ချဲလ်ဆီးနဲ့ပွဲကိုသာ အာရုံစိုက်ထားတယ်လို့ ကာရစ် ပြော

4:29 PM, 26 November

အဓိကပြိုင်ဘက် ချဲလ်ဆီးအသင်းနဲ့ပွဲကိုသာ အနိုင်ကစားဖို့အာရုံစိုက်ထားတယ်လို့ မိုက်ကယ်ကားရစ်က ပြောပါတယ်။ မန်ချက်စတာယူနိုက်တက် အသင်းဟာ ရန်းနစ်ကို ၆လတာစာချုပ်ဖြင့် ယာယီနည်းပြအဖြစ် ခန့်အပ်သွားရန် နီးစပ်နေတာ ဖြစ်သော်လည်း ကာရစ်ကတော့ အဆိုပါသတင်းတွေကို အာရုံမထားဘဲ ချဲလ်ဆီးနဲ့ပွဲအတွက်ကိုဘဲ ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေတယ်လို့ဆိုပါတယ်။

အသက်၄၀အရွယ် ဆိုးလ်ရှားရဲ့ လက်ထောက်နည်းပြ ကာရစ်က စကိုင်းစပေါ့တ်သို့ပြောရာမှာ“ကျွန်တော့်အနာဂတ်က လာမယ့်၂ရက်၊ ၃ရက်အတွင်းမှာ အဖြေပေါ်ပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်တို့ကြိုတင်ပြင်ဆင်မှုတွေဘဲ လုပ်နေပါတယ်။ ဒါက လက်ရှိမှာ မှန်ကန်တဲ့ နည်းလမ်းဖြစ်ပါတယ်။ ဘောလုံးက အချိန်အခါမှာ ဘယ်အရာက အကောင်းဆုံးလဲဆိုတာ ဘယ်တော့မှမသိနိုင်တဲ့ စီးပွားရေးပါ။ကျွန်တော့်ရဲ့ စိတ်ဓာတ်နှင့် အင်အားတို့အားလုံးက တနင်္ဂနွေနေ့အပေါ်မှာဘဲ ရှိနေပါတယ်”ဟု ဆိုပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ တနင်္ဂနွေတွင် အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်နေတဲ့ ချဲလ်ဆီးနဲ့ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ကာရစ်ဟာ ပြီးခဲ့တဲ့ကြားရက်က ချန်ပီယံလိဂ်ပွဲအဖြစ် ဗီလာရီးရဲလ်ကို ၂ဂိုးပြတ် နိုင်တဲ့ပွဲမှာ ယူနိုက်တက်ကို ဦးဆောင်နည်းပြပေးခဲ့ပါတယ်။ ယူနိုက်တက်ကွင်းလယ်လူဟောင်း ကာရစ်ဟာ နည်းပြဟောင်း မော်ရင်ဟိုလက်အောက်မှာ လုပ်ကိုင်ခဲ့ဖူးသူ ဖြစ်ပါတယ်။

ချဲလ်ဆီးနဲ့ရင်ဆိုင်ရာမှာနဲ့ပက်သက်ပြီး ကာရစ်က ပြောရာမှာ“ကျွန်တော် ဒီကလပ်ထံ ရောက်လာပြီးနောက်ပိုင်း ချဲလ်ဆီးနဲ့ရင်ဆိုင်ရတာက တကယ့်ထိပ်တန်း ပွဲတွေပါဘဲ။ ချဲလ်ဆီးနဲ့ရင်ဆိုင်ဖူးတဲ့ သမိုင်းကြောင်းတွေ ကျွန်တော့်မှာ ရှိပါတယ် ပျော်စရာလည်း ကောင်းပါတယ်။ ပွဲအတွက် ကျွန်တော်တို့သေချာ စောင့်မျှော်နေပါတယ်။ လုပ်နိုင်တာမှန်သမျှ ကျွန်တော်လုပ်မှာပါ။ ကျန်တဲ့အရာတွေက ကျွန်တော်အတွက် စိုးရိမ်စရာမရှိသလို ပါဝင်စရာလည်း မရှိပါဘူး ကျွန်တော်အတွက် ဘောလုံးပွဲတစ်ပွဲ နိုင်ဖို့ဘဲ လိုအပ်ပါတယ် ဒါကိုဘဲ ကျွန်တော်လုပ်ဆောင်ဖို့ပြင်ဆင်ထားပါတယ်”

“ကျွန်တော်တို့အခြေတကျဖြစ်ဖို့လိုအပ်ပြီး ဗီလာရီးရဲလ်နဲ့ပွဲကလို အတူတကွကစားဖို့လိုပါတယ်။ ဒါပေမဲ့ အဲဒီပွဲကို ကျွန်တော်တို့နောက်မှာ ချန်ထားခဲ့မှာပါ ဒါကြောင့် လက်ရှိပြောနေတဲ့အရာတွေက မတူညီတော့ပါဘူး တနင်္ဂနွေနေ့လည်းခင်းမှာတော့ အရာအားလုံးက လုံးဝအသစ်အဆန်း ဖြစ်နေမှာပါ။ ကျွန်တော်တို့ဘာတွေ မျှော်လင့်ရမလဲဆိုတာ ကစားသမားတွေကို သတိပေးရမှာဖြစ်ပြီး လိုအပ်တာတွေကိုလည်း သူတို ကို ကျွန်တော်ကြိုတင် ပေးနိုင်မယ်လို့မျှော်လင့်မိပါတယ်။ သူတို့ဘက်ကလည်း အကောင်းဆုံး ပေးဆပ်ကစားဖို့ကျွန်တော်မျှော်လင့်ထားပါတယ်”ဟု ပြောကြားသွားခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ချဲလ်ဆီး #ကာရစ်