ရှေ့သို့
Image

ဇော်ယာနဲ့ ပွဲစဉ်မှာ ရိုးမားအတွက် နောက်ပြန်ကန်ချက်နဲ့ လှလှပပ ဂိုးသွင်းပြခဲ့တဲ့ အေဘရာဟမ်

1:10 PM, 26 November

တမ်မီ အေဘရာဟမ်ဟာ ယမန်နေ့ည ဇော်ယာနဲ့ ယူရိုပါကွန်းဖရင့်လိဂ် ပွဲစဉ်မှာ ရိုးမားအတွက် နောက်ပြန်ကန်ချက်နဲ့ သွင်းဂိုး၁ဂိုး လှလှပပ သွင်းယူပေးခဲ့ပါတယ်။ ချဲလ်ဆီးတိုက်စစ်မှူးဟောင်းဟာ ဆရာဟောင်း မော်ရင်ဟို ကိုင်တွယ်နေတဲ့ ရိုးမားနဲ့ နွေရာသီမှာ လက်တွဲခဲ့ပါတယ်။

အေဘရာဟမ်ဟာ ရိုးမားမှာ အကောင်းဆုံး စတင်နိုင်ခဲ့ပြီးနောက် အသင်းပရိသတ်တွေရဲ့ အချစ်တော် ကစားသမား၁ဦး ဖြစ်လာခဲ့ပါတယ်။ ယမန်နေ့ညက ဥရောပပွဲစဉ်မှာလည်း နောက်ပြန်ကန်ချက်ဂိုးအပါအဝင် အသင်းအတွက် ၂ဂိုး သွင်းပေးခဲ့ပြီး သူရဲကောင်းဘွဲ့ကို ဆက်လက်ခံယူသွားခဲ့ပါတယ်။

၄ဂိုးပြတ်နိုင်ခဲ့တဲ့ပွဲစဉ်အတွင်း ရိုးမားတို့ ကာလက်စ် ပီရက်ဇ်၊ ဇာနီအိုလိုတို့ရဲ့ ဂိုးတွေနဲ့အတူ ပထမပိုင်းကို ဦးဆောင်ထားခဲ့ပါတယ်။ ဒုတိယပိုင်း ပြန်စချိန်မှာတော့ အသင်းအတွက် တတိယဂိုးအဖြစ် အေဘရာမဟ်က သွင်းယူခဲ့ပါတယ်။

ပွဲကစားဖို့ ၁၆မိနစ် ကျန်ချိန်မှာတော့ ၂၄နှစ်သားဟာ ရိုးမားအတွက် စတုတ္ထဂိုးကို ပြောစမှတ်တွင်စေမယ့် နောက်ပြန်ချက်နဲ့အတူ သွင်းယူပေးသွားခဲ့ပါတယ်။ အသင်းဖော်ရဲ့ ကန်ချက်က လူထိပြီး ပြန်ထွက်လာတာကို အေဘရာဟမ်က နောက်ပြန်ကန်ကာ အသင်းအတွက် ဂိုးပြတ်စေမယ့် သွင်းဂိုး သွင်းယူပေးခဲ့တာလည်း ဖြစ်ပါတယ်။

အဆိုပါသွင်းဂိုးဟာ ရိုးမားကို ရောက်လာပြီးနောက် ၁၉ပွဲကစားခဲ့ရာမှာ အေဘရာဟမ်အတွက် ၇ဂိုးမြောက် သွင်းဂိုးလည်း ဖြစ်ပါတယ်။ အလားတူ အဆိုပါနိုင်ပွဲက ရိုးမားအတွက် ယူရိုပါကွန်းဖရင့်လိဂ်မှာ နောက်တစ်ဆင့်တက်ဖို့ သေချာစေခဲ့ပါတယ်။

ဒါကြောင့် ရိုးမားဟာ ၆-၁ဂိုးနဲ့ အရှက်တကွဲ ရှုံးခဲ့တဲ့ ဇယားထိပ်က ဘိုဒို ဂလင့်နဲ့ ၁မှတ်သာ ကွာတဲ့ အနေအထားကို ရောက်လာခဲ့ပါတယ်။

#ရိုးမား #အေဘရာဟမ် #ယူရိုပါကွန်းဖရန့်လိဂ်