ရှေ့သို့
Image

ရင်ဆိုင်ရ အခက်ခဲဆုံးပြိုင်ဘက်ရဲ့ နာမည်ကို ထုတ်ဖော်ပြောကြားလိုက်တဲ့ လမ်းပတ်

1:03 PM, 26 November

ချဲလ်ဆီးဂန္ထဝင်ကွင်းလယ်လူဟောင်း လမ်းပတ်ကတော့ ကစားသမားဘဝရင်ဆိုင်ရအခက်ဆုံး ပြိုင်ဘက်တစ်ဦးရဲ့နာမည်ကိုထုတ်ဖော်ပြောကြားလိုက်ကာ သူက မက်ဆီလည်းမဟုတ် ၊ ရော်နယ်ဒိုလည်း မဟုတ်တာဖြစ်ပါတယ်။

ချဲလ်ဆီးနည်းပြဟောင်းက ဘာစီလိုနာကွင်းလယ်လူ အင်နီယေစတာဟာ ကစားသမားဘ၀ ရင်ဆိုင်ရအခက်ခဲဆုံး ပြိုင်ဘက်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အင်နီယေစတာဟာ ဘာစီလိုနာနဲ့အတူ ချန်ပီယံလိဂ် ၄ ကြိမ် နဲ့ စပိန်အသင်းနဲ့အတူ ၂၀၁၀ ကမ္ဘာ့ဖလား နဲ့ ယူရိုဖလားတွေကိုရယူပေးနိုင်ခဲ့ပါတယ်။

လမ်းပတ်က ကစားသမားဘ၀ စပိန်သားနဲ့ ၁၃ ကြိမ်အထိတွေ့ဆုံထားခဲ့ကာ ရင်ဆိုင်ရအခက်ခဲဆုံးပြိုင်ဘက်လို့ ဆိုခဲ့တာဖြစ်ပါတယ်။ ဒါဘီ နဲ့ ချဲလ်ဆီးနည်းပြဟောင်း လမ်းပတ်က ဂယ်ရီနဗီးလ်နဲ့တွေ့ဆုံရာမှာ အခုလိုမျိုးပြောကြားခဲ့တာဖြစ်ပါတယ်။

"သူက တကယ့်ကို မယုံကြည်နိုင်စရာကောင်းတဲ့ကစားသမားပါ။ ကွင်းလယ်လူကစားသမားတော်တော်များများက အဲ့နေရာမှာကစားချင်စိတ်မရှိပါဘူး။ သူတို့က ဘောလုံးပေးပို့ပြီးရင်ပြေးမယ် အဲ့တာပါပဲ။ ကျွန်တော် ကစားသမားကောင်းတွေနဲ့ ကစားဖူးပါတယ်။ ဂျရတ်က ရုပ်ပိုင်းဆိုင်သန်မာတဲ့ကစားသမားပါ။ သူနဲ့ ဇာဗီသာ တစ်သင်းတည်းဆိုရင် တစ်ခုခုလုပ်ပြနိုင်ပါတယ်"လို့ လမ်းပတ်က ပြောကြားခဲ့ပါတယ်။

လမ်းပတ်က ရင်ဆိုင်ရ အခက်ခဲဆုံးပြိုင်ဘက်အဖြစ် ရော်နယ်ဒို နဲ့ မက်ဆီတို့ကိုတော့ ချန်လှပ်ခဲတ့ာဖြစ်ပါတယ်။ လမ်းပတ်ဟာ ချဲလ်ဆီးအသင်းကို နည်းပြလုပ်ခဲ့သေးတာဖြစ်ကာ ဇန်နဝါရီတုန်းက အထုတ်ပယ်ခံခဲ့ရတာဖြစ်ကာ နောဝစ်ချ်အသင်းကလည်း ချိတ်ဆက်ခဲ့သေးတာဖြစ်ပါတယ်။

#ချဲလ်ဆီး #လမ်းပတ် #ရော်နယ်ဒို #မက်ဆီ