ရှေ့သို့
Image

ရန်းနစ်ကို ယာယီနည်းပြအဖြစ် ခန့်အပ်ဖို့ သဘောတူညီမှု ရခဲ့ပြီဖြစ်တဲ့ ယူနိုက်တက်

8:46 AM, 26 November

ယူနိုက်တက်အသင်းဟာ ဝါရင့်နည်းပြ ရက်ဖ် ရန်းနစ်ကို ယာယီနည်းပြအဖြစ် ရာသီကုန်ထိ ခန့်အပ်ဖို့ သဘောတူညီမှု ရခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။

ယူနိုက်တက်ဟာ ၆၃နှစ်သားဟာ နောက်ဆုံးအဆင့် ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး အသင်းက ထုတ်ခံလိုက်ရတဲ့ ဆိုးလ်ရှားနေရာမှာ ယာယီနည်းအဖြစ် ခန့်အပ်ကြောင်း ကြေညာသွားဖို့ ရှိနေပါတယ်။ ပီအက်စ်ဂျီနည်းပြ ပိုချက်တီနိုဟာ ယူနိုက်တက်က ခန့်အပ်ချင်တဲ့ နည်းပြ ဖြစ်ပေမဲ့ အသင်းက ထွက်ခွာခွင့်မပြုတဲ့ အနေအထားမှာ ရန်းနစ်ကို ယူနိုက်တက်က ရွေးချယ်ခဲ့တာပါ။

ပိုချက်တီနိုဟာ ရာသီဝက်မှာ လီဂူးဝမ်းကလပ်ကနေ ထွက်ခွာပြီး ယူနိုက်တက်ကို ပြောင်းချင်ပေမဲ့ ပီအက်စ်ဂျီက ကတော့ ထွက်ခွာခွင့်ပြုခဲ့ခြင်း မရှိခဲ့တာပါ။ ဒါကြောင့် ယူနိုက်တက် ဘုတ်အဖွဲ့ဟာ ဆိုးလ်ရှားနေရာအတွက် ဗယ်ဗာဒီ အပါအဝင် ဆန်ခါတင် ယာယီနည်းပြ ၅ဦးကို ရွေးချယ်သတ်မှတ်ခဲ့ပါတယ်။

ရန်းနစ်နဲ့ ဆွေးနွေးမှုတွေဟာ အကောင်းဘက်မှာ ရှိခဲ့တယ်လို့ ယုံကြည်ရပြီး ရာသီကုန်ထိ အသင်းကို ကိုင်တွယ်ကာ နောက်နှစ်မှာတော့ အကြံပေးအဖြစ် အသင်းမှာ ဆက်ရှိသွားဖို့ မျှော်လင့်ထားပါတယ်။ ရန်းနစ်ဟာ ယူနိုက်တက်ရဲ့ ကနဦး ယာယီနည်းပြအဖြစ် ၆လကြာ ကိုင်တွယ်ပေးဖို့ ကမ်းလှမ်းမှုအပေါ် သဘောမကျခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ယူနိုက်တက်က အကြံပေးအဖြစ် ဆက်ခန့်ထားမယ်လို့ ပြောင်းလဲ ကမ်းလှမ်းခဲ့တာကြောင့် လက်ခံလိုက်တယ်လို့ သတင်းတွေက ဆိုပါတယ်။

နည်းပြဘ၀တစ်လျောက် ရန်းနစ်ဟာ ရှော်လ်ကေး၊ လိုက်ပ်ဇစ်တို့ အပါအဝင် ဘွန်ဒက်စ်လီဂါမှ အသင်း၅သင်းကို ကိုင်တွယ်ခဲ့ပါတယ်။  ရှော်လ်ကေးမှာတော့ အအောင်မြင်ဆုံး ဖြစ်ခဲ့ပြီး ၂၀၀၄-၀၅ရာသီမှာ ဒုတိယနေရာ ရခဲ့ကာ ၂၀၁၁ခုနှစ်မှာ ပိုကယ်ဖလားနဲ့ ဂျာမန်စူပါဖလားတွေ ဆွတ်ခူးခဲ့ပါတယ်။

၂၀၁၂ခုနှစ်မှာတော့ ရန်းနစ်ဟာ လိုက်ပ်ဇစ်နဲ့ ဆဲလ်ဘတ်ရဲ့ အားကစားဒါရိုက်တာ ဖြစ်လာခဲ့ပြီး ဂျာမန် စတုတ္ထတန်းကနေ ဘွန်ဒက်စ်လီဂါထိ ရောက်လာအောင် ဆွဲတင်နိုင်ခဲ့ပါတယ်။ ရန်းနစ်ဟာ လက်ရှီ လိုကိုမိုးတစ် မော်စကိုရဲ့ အားကစားဆိုင်ရာ ဖွံ့ဖြိုးရေး မန်နေဂျာအဖြစ် ဆောက်ရွက်လျက် ရှိနေပါတယ်။

#မန်ချက်စတာယူနိုက်တက် #ရန်းနစ်