ရှေ့သို့
Image

ရိန်းဂျားစ်၊ ဝက်စ်ဟမ်းတို့နောက်တဆင့်တက်၊ လက်စတာထိပ်ဆုံးရောက်လာ၊ ယူရိုပါလိဂ်ကနေပြုတ်ခဲ့တဲ့ဆဲလ်တစ်

8:38 AM, 26 November

ကြာသပတေးည ကစားခဲ့တဲ့ ယူရိုပါလိဂ်အုပ်စုပွဲစဉ် ၅မှာတော့ ဝက်စ်ဟမ်း၊ ရိန်းဂျားစ်တို့နောက်တဆင့်တက်ရောက်နိုင်ခဲ့ပြီး ဆဲလ်တစ်အသင်း ပြိုင်ပွဲကနေ ထွက်ခဲ့ရပါတယ်။

လီဂါဝါဆောကို အနိုင်ယူပြီး ထိပ်ဆုံးရောက်လာတဲ့ လက်စတာ

=======

လက်စတာ ၃ - ၁ လီဂါဝါဆော


ဒါကာ ၁၁’ မက်ဒီဆင် ၂၁’ အမ်ဒီဒီ ၃၃’ (လက်စတာ)


မလာဒီနိုဗစ် ၂၇’  (လီဂါဝါဆော)


လက်စတာဟာ ပွဲအစကတည်းက ဖိကစားကာ အဖွင့်ဂိုးကို စောစီးစွာ ရရှိခဲ့ပါတယ်။ တောင်ပံကနေ ဟားဗေးဘားနတ်စ်ရဲ့ ပြေးအားကနေတဆင့် ဒါကာက ရယူကာ အနီးကပ် အနိမ့်ဘောကန်သွင်းပြီး ပွဲချိန်၁၁မိနစ်မှာ ဂိုးအဖြစ် ပြောင်းလဲခဲ့ပါတယ်။

အဲဒီနောက်၁၀မိနစ်အကြာမှာဘဲ ကွင်းလယ်ဖန်တီးရှင် ဂျိမ်းစ်မက်ဒီဆင်က ဂိုးသမားမစ်ဇ်တာကို ကျော်ဖြတ်ကာ ဝေ့ဝိုက်ကန်သွင်းယူခဲ့သည်။

ဒါပေမဲ့ ၆မိနစ်အကြာမှာ လီဂါဝါဆောရဲ့ ဖြတ်တင်ဘောကနေ ကွင်းလယ်လူ အမ်ဒီဒီလက်နဲ့ထိကာ ပင်နယ်တီပေးခဲ့ရပြီး  အမ်ရီလီရဲ့ ပင်နယ်တီကို ဂိုးသမားရှမိုက်ကယ် ကာကွယ်ပုတ်ထုတ်ပေမယ့် မလာဒီနိုဗစ်က ပိတ်သွင်းပြီး ချေပဂိုးတစ်ဂိုး ပြန်ရခဲ့ပါတယ်။

ဘယ်လိုဘဲဖြစ်ဖြစ် ၃၂မိနစ်မှာတော့ ကွင်းလယ်လူ အမ်ဒီဒီက သူရဲ့အမှားကို အဖတ်ဆယ်တဲ့အနေနဲ့ မက်ဒီဆင်ရဲ့ ထောင့်ကန်ဘောကနေ အားလုံးထက်သာအောင် အမြင့်ခုန်ကာ ခေါင်းတိုက်သွင်းယူခဲ့ပါတယ်။

အဆိုပါဂိုးတွေအားလုံးကို ပထမပိုင်းမှာတင် နှစ်သင်းလုံး သွင်းယူခဲ့ပြီး ဒုတိယပိုင်းမှာ အခွင့်အရေးတွေရသော်လည်း အသုံးမချနိုင်ခဲ့လို့၃-၁ဖြင့်သာ အဆုံးသတ်ခဲ့ပါတယ်။

အနိုင်ရလဒ်ကြောင့် လက်စတာအသင်းဟာ နောက်ဆုံးပွဲတွင် နာပိုလီနဲ့ရင်ဆိုင်ရမှာဖြစ်ပြီး သရေတစ်မှတ်ရမယ်ဆိုရင် နောက်တဆင့်တက်နိုင်မှာ ဖြစ်ပါတယ်


မာရီလို့စ်ရဲ့ သွင်းဂိုးတွေနဲ့နောက်တဆင့်တက်တဲ့ ရိန်းဂျားစ်

=-=============

ရိန်းဂျားစ် ၂ - ၀ ပရာဟာ 

မိုရီလို့စ် ၁၅’ ၄၉’ 


တိုက်စစ်မှူး မိုရီလို့စ်ရဲ့ သွင်းဂိုး၂ဂိုးနဲ့ဘဲ ရိန်းဂျားစ်တို့ယူရိုပါလိဂ် ရှုံးထွက်အဆင့်သို့တက်ရောက်နိုင်ခဲ့ပါတယ်။

ပွဲအစ၁၅မိနစ်မှာတင် ဟာဂီရဲ့ ဖြတ်တင်ဘောကနေ ကိုလံဘီယာသား မိုရီလို့စ်က ခေါင်းတိုက်သွင်းယူခဲ့ပါတယ်

အဲဒီနောက် ဒုတိယပိုင်းမှာ မိုရီလို့စ်က တဖက်အသင်းရဲ့ ခံစစ်သမား ဖီးလစ်ရဲ့ အမှားကို အခွင့်ကောင်းယူပြီး ဒုတိယဂိုး ထပ်သွင်းခဲ့ပါတယ်။

အဆိုပါဒုတိယဂိုးကဘဲ headtohead အရ သာစေခဲ့ပြီး ပရာဟာအနေဖြင့် နောက်ဆုံးပွဲမှာ အနိုင်ရပြီး ရိန်းဂျားစ်က ရှုံးရင်တောင် ရိန်းဂျားစ်ကဘဲ အဆင့်သာနေလို့ချက်ဇ်ထိပ်သီးကလပ်တို့နောက်တဆင့်မတက်ခဲ့ပါဘူး။


လေဗာကူဆင်ကို ရှုံးပြီး ပြိုင်ပွဲမှ ထွက်လိုက်ရတဲ့ ဆဲလ်တစ်

=========

လေဗာကူဆင် ၃ - ၂ ဆဲလ်တစ်


အန်းဒရစ် ၁၆’ ၈၂’  ဒီယာဘီ ၈၇’ (လေဗာကူဆင်)

ဂျူရာနိုဗစ် ၄၀’ (P) ဂျိုတာ ၅၆’ (ဆဲလ်တစ်)


ဆဲလ်တစ်အသင်းဟာ ပွဲပြီး၁၀မိနစ်အလိုမှာဘဲ ၂ဂိုးဆက်တိုက်ပေးခံရပြီး လေဗာကူဆင်ကို ရှုံးကာ ယူရိုပါလိဂ်ကို လက်ပြနူတ်ဆက်ခဲ့ရပြီ ဖြစ်ပါတယ်။

ပွဲချိန်၁၆မိနစ်မှာဘဲ ဝစ်ဇ်ရဲ့ ထောင့်ကန်ဘောကနေတဆင့် အန်ဒရစ်က ခေါင်းတိုက်ကာ ဆဲလ်တစ်တို့ဦးဆောင်ခံရပါတယ်။

ဒါပေမဲ့ မိနစ်၄၀တွင် ဖူရူဟာရှီကို ရာဒီကီက ပင်နယ်တီဧရိယာအတွင်း လူချတာကြောင့် ပင်နယတီရခဲ့ပြီး ဆဲလ်တစ်ကစားသမား ဂျူရန်နိုဗစ်က တည်ငြိမ်စွာဘဲ ပင်နယ်ကာပုံစံသွင်းကာ ချေပဂိုးရခဲ့ပါတယ်

ဒုတိယပိုင်းပွဲစပြီး သိပ်မကြာဘူး ဆဲလ်တစ်ကစားသမား ဂျိုတာက အသင်းလိုက်ကစားဟန်ကနေဘဲ ဒုတိယဂိုး သွင်းသွားလို့ဧည့်သည်အသင်း အခြေအနေကောင်းခဲ့ပါတယ်။

ဒါပေမဲ့ ဘွန်ဒက်စ်လီဂါအသင်းက ပွဲပြီးခါနီး၁၀မိနစ်အတွင်းမှာ ချေပဂိုးနှင့် အနိုင်ဂိုးများ ပြန်သွင်းခဲ့ပါတယ်။

အရီမီရဲ့ ကောင်းမွန်တဲ့ ဘောလုံးအထိန်းအသိမ်းကနေ အန်းဒရစ်က ဆဲလ်တစ်ဂိုးသမား ဂျိုးဟတ်ရဲ့ ခြေထောက်ကြားထဲကနေ သွင်းယူခဲ့ပါတယ်။

ထိုနောက် ဒီယာဘီက ဝစ်ဇ်ရဲ့ ပေးပို့မှုကနေ မြေမကျကန်ကာ အနိုင်ဂိုးသွင်းယူပြီး ဆဲလ်တစ်ကို ၃-၂ဂိုးဖြင့် ပွဲအပြီးမှာ အနိုင်ရခဲ့ပါတယ်။


သက်တောင့်သက်သာနိုင်ပွဲနဲ့နောက်တဆင့်တက်တဲ့ ဘက်တစ်

=======

ဘက်တစ် ၂ - ၀ ဖီရန်ဗားရို့စ်


တယ်လို ၅’ ကာနာလက်စ် ၅၂’


Seville မှာတော့ ဖီရန်ဗားရို့စ်အသင်းအား ဘက်တစ်တို့အသာအယာနိုင်ပြီး နောက်တဆင့်ကို တက်နိုင်ခဲ့ပါတယ်။

အသင်းလိုက်ကစားဟန်ညက်ညောမှုကနေ ဘယ်လာရင်ရဲ့ ပေးပို့မှုကို ခရစ္စတီယန်တယ်လိုက ပွဲအစ ၅မိနစ်မှာတင် အဖွင့်ဂိုးသွင်းခဲ့ပြီး ဒုတိယပိုင်းမှာ ကာနာလက်စ်က ၃နှစ်အကြာ အသင်းအတွက် ပထမဆုံးသွင်းဂိုးအဖြစ် လှလှပပကန်သွင်းကာ ဒုတိယဂိုးရယူခဲ့ပါတယ်။


ဗီယင်နာကို အနိုင်ကစားကာ အုပ်စုထိပ်ဆုံးနဲ့နောက်တဆင့်တက်တဲ့ ဝက်စ်ဟမ်း

=======

ရက်ပစ်ဗီယင်နာ ၀ - ၂ ဝက်စ်ဟမ်း 


ယာမိုလန်ကို ၄၀’ နိုဘယ် ၄၇’ (P)


ပရီးမီးယားလိဂ်ပွဲတွေလည်း ရှိတာမို့ဝက်စ်ဟမ်းအသင်း အရန်ကစားသမားတစ်ချို့ဖြစ်တဲ့ လန်ဇီနီ၊ဗလာဆစ်၊ ယာမိုလန်ကို ၊ နိုဘယ်တို့ကို ထုတ်သုံးခဲ့ပြီး ကစားသမားတွေ အကောင်းဆုံးကစားနိုင်ခဲ့ပါတယ်။

ပွဲချိန် ၄၀မိနစ်တွင် ဗလာဆစ်ရဲ့ အမြှောက်ဘော ပေးပို့မှုကနေ အထောင်တိုက်စစ်နေရာမှာ ဝင်ကစားလာတဲ့ ယာမိုလန်ကိုက ခေါင်းတိုက်ပြီး ဦးဆောင်ဂိုးရခဲ့ပါတယ်။

ထိုနောက် ပထမပိုင်းမပြီးခင်မှာဘဲ ယာမိုလန်ကိုရဲ့ ဧရိယာအတွင်း ဘောလုံးပြေးဆွဲမှုကို ဟန့်တားရာကနေ ပင်နယ်တီရရှိကာ ရလာတဲ့ ပင်နယ်တီကို နိုဘယ်က အမှားအယွင်းမရှိ ကန်သွင်းယူခဲ့ပါတယ်။


အခြားပွဲရလဒ်များ

=======

လိုကိုမိုးတစ် မော်စကို ၀ - ၃ လာဇီယို

ဘဲလ်ဂရိတ် ၁ - ၀ လူဒိုဂရက်စ်

မစ်ဂျေးလန်း ၃ - ၂ ဘရာဂါ ၂

ဇာဂရတ်ဘ် ၁ - ၁ ဂျန့်

ဘရွန်ဘီ ၁ - ၃ လိုင်ယွန်

မိုနာကို ၂ - ၁ ဆိုစီဒက်

ပီအက်စ်ဗွီ ၂ - ၀ ဂရက်ဇ် 

ဖရန့်ဖတ် ၂ - ၂ အန်ဝပ့်

အိုလံပီယာကို့စ် ၁ - ၀ ဖီနာဘာချီ


#လက်စတာ #ဝက်စ်ဟမ်း #ဘက်တစ် #လေဗာကူဆင် #ယူရိုပါလိဂ် #ဆဲလ်တစ် #ရိန်းဂျားစ်