ရှေ့သို့
Image

ချဲလ်ဆီးဟာ လက်ရှိဥရောပရဲ့ အကောင်းဆုံး အသင်းဖြစ်တယ်လို့ ဆက်ဇနီ ချီးကျူး

1:01 PM, 25 November

ဂျူဗင်တပ်စ်အသင်းဂိုးသမား ဆက်ဇနီကတော့ ချဲလ်ဆီးကို ၄ ဂိုးပြတ်နဲ့အရေးနိမ့်ပြီးနောက် လန်ဒန်ကလပ်အသင်းဟာ ဥရောပရဲ့အကောင်းဆုံးအသင်းလို့ ချီးကျုူးစကားဆိုလိုက်ပါတယ်။

တူချယ်ရဲ့ချဲလ်ဆီးအသင်းဟာ ဂျူဗင်တပ်စ်ကို ၄ ဂိုးပြတ်အနိုင်ရရှိပြီးနောက် အုပ်စုဗိုလ်နဲ့နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ မန်စီးတီး နဲ့ ဘိုင်ယန်တို့က အခုရာသီရဲ့ချန်ပီယံလိဂ်သရဖူကိုဆောင်းနိုင်မယ်လို့ ရေပန်းစားနေကြတာဖြစ်ပါတယ်။ ဒါပေမယ့် အာဆင်နယ်ဂိုးသမားဟောင်း ဆက်ဇနီကတော့ ချဲလ်ဆီးဟာ ဥရောပရဲ့အကောင်းဆုံး အသင်းလို့ ယုံကြည်နေပါတယ်။

"သူက တစ်သင်းတည်းသောအကောင်းဆုံး အသင်းပါ။ လက်ရှိဥရောပရဲ့အကောင်းဆုံး အသင်းလို့ဆိုနိုင်ပါတယ်။ ချဲလ်ဆီးက ဒီနေ့ပွဲမှာ တစ်ပွဲလုံးကိုထိန်းချုပ်နိုင်တာပါ။ သူတို့ကိုရင်ဆိုင်ဖို့တောင်မလွယ်ခဲ့ပါဘူး။ သူတို့က ထိပ်တန်းအသင်းဖြစ်ပြီး ကျွန်တော်တို့က အလယ်အလတ်အဆင့်မှာပဲရှိပါတယ်"လို့ ဆက်ဇနီက ပြောကြားခဲ့ပါတယ်။

#ချဲလ်ဆီး #ဂျူဗင်တပ်စ် #တူချယ် #ဆက်ဇနီ