ရှေ့သို့
Image

ပီအက်စ်ဂျီ အသင်းနဲ့ ပွဲမတိုင်ခင် ဂျက်ဂရီးလစ်ချ် အခြေအနေကို ဂွါဒီယိုလာ ထုတ်ဖော်ပြောကြား

3:50 PM, 24 November

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ကွင်းလယ်လူ ဂျက်ဂရီးလစ်ချ်အခြေအနေကို စောင့်ကြည့်ရဦးမှာဖြစ်တယ်လို့ ပီအက်စ်ဂျီနဲ့ပွဲမတိုင်ခင် အတည်ပြုပြောကြားလိုက်ပါတယ်။

အသက် ၂၅ နှစ်သားဟာ အင်္ဂလန်အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းနေတုန်းဒဏ်ရာ ရရှိခဲ့တာဖြစ်ကာ အဲဗာတန်ကို ၃ ဂိုးပြတ်အနိုင်ရရှိခဲ့တဲ့ပွဲကို လွဲချော်ခဲ့ပါတယ်။ အဂါၤနေ့တုန်းက စီနီယာအသင်းနဲ့အတူ လေ့ကျင့်ခန်းအစီအစဉ်မှာ လာရောက်ခဲ့ပေမယ့် ဂွါဒီယိုလာက မသေချာသေးဘူးလို့ ဆိုထားတာဖြစ်ပါတယ်။

"ဂျက်ကပိုကောင်းလာပါပြီ။ ဒါပေမယ့် အကောင်းကြီးတော့မဟုတ်သေးတာကြောင့် ကစားဖို့မကစားဖို့တော့ ဆုံးဖြတ်ရဦးမှာပါ"လို့ စပိန်သားနည်းပြက ပြောကြားခဲ့ပါတယ်။

အသက် ၅၀ အရွယ်ဂွါဒီယိုလာက ကိုဗစ်ကြောင့် ဒီဘရိုင်းဟာ သီးသန့်ခွဲနေနေရဆဲလို့ အတည်ပြုပြောကြားခဲ့ပါတယ်။ ဖာရန်တောရက်စ်ကလည်း ဒဏ်ရာအခြေအနေကြောင့် ၃ လလောက်အထိနားရဖွယ်ရှိနေကာ ၂၀၂၁ အကုန်မှာပါဝင်လာနိုင်ဖို့ ဂွါဒီယိုလာက မျှော်လင့်နေပါတယ်။

မန်စီးတီးဟာ ပိုချက်တီနိုရဲ့ပီအက်စ်ဂျီကိုသာ အနိုင်ရရှိခဲ့ပါက ချန်ပီယံလိဂ်နောက်တစ်ဆင့်ကို အုပ်စုဗိုလ်နဲ့တက်ရောက်နိုင်မှာဖြစ်ပါတယ်။

#မန်စီးတီး #ပီအက်စ်ဂျီ #ဂွါဒီယိုလာ #ဂရီးလစ်ရှ် #ချန်ပီယံလိဂ်