ရှေ့သို့
Image

ဗီလာရီးရဲလ်နဲ့ ပွဲက နိုင်ပွဲဟာ ဆိုးလ်ရှား အတွက် ရည်စူးခြင်း ဖြစ်တယ်လို့ ကာရစ် ဆို

11:25 AM, 24 November

မိုက်ကယ် ကာရစ်က ယမန်နေ့ည ဗီလာရီးရဲလ်နဲ့ပွဲမှ နိုင်ပွဲဟာ အသင်းက ထုတ်ပယ်ခံလိုက်ရတဲ့ နည်းပြ ဆိုးလ်ရှားအတွက် ရည်စူးကြောင်း ပြောခဲ့ပါတယ်။

အဆိုပါပွဲစဉ်ဟာ ယာယီနည်းပြ ကာရစ်ရဲ့ ပထမဆုံး ပွဲစဉ်ဖြစ်ပြီး ရော်နယ်ဒို၊ ဆန်ချိုတို့ရဲ့ နောက်ကျသွင်းဂိုးတွေနဲ့ အတူ အနိုင်ရခဲ့ပါတယ်။ နောက်ဆုံး ၄ပွဲမှာ ပထမဆုံး နိုင်ပွဲပြန်ရခဲ့တဲ့ ယူနိုက်တက်တို့ ချန်ပီယံလိဂ်မှာတော့ ရှုံးထွက်အဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ကာရစ်က “ဒီရက်ပိုင်းတွေက ယူနိုက်တက်အတွက် လွယ်ကူတဲ့ ရက်တွေမဟုတ်ဘူးလို့ ကစားသမားတွေကို ပြောခဲ့ပါတယ်။ ကျွန်တော် ပျော်နိုင်ပေမဲ့ ဒီရလဒ်က အိုလီအတွက် ဖြစ်ပြီး ဒီအရာကနေ ရှောင်လွှဲလို့ မရနိုင်ပါဘူး”“ကျွန်တော်တို့မှာ လုပ်စရာ ရှိသေးပြီး ကျွန်တော် ရှိနေသေးရင်တော့ ပျော်တာကို လုပ်မှာ ဖြစ်ပြီး နောက်ဆုံးမှာ စီစဉ်ထားတဲ့အတိုင်း ဖြစ်ခဲ့လို့ ကျေးဇူးတင်ရမှာပါ”လို့ ပြောခဲ့ပါတယ်။

ယူနိုက်တက် အသင်းခေါင်းဆောင် မက်ဂွါရီက “ဒါကဒီရာသီ ကျွန်တော်တို့အတွက် ကြီးမားတဲ့ နိုင်ပွဲပါ။ ကျွန်တော်တို့ ပြီးခဲ့တဲ့လတွေအတွင်း လုံလောက်တဲ့ ကောင်းမွန်မှု မရှိခဲ့ပဲ ဒီရာသီနဲ့ ပရိသတ်တွေ အတွက် ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ လိုပါတယ်။ ဒါကအစပဲ ရှိသေးတာဆိုတာ သေချာဖို့လိုပြီး ဒီထက်ပိုကြိုးစားရပါမယ်”“ဒါကခက်ခဲခဲ့ပြီး ပထမပိုင်းအတွင်း ခက်ခဲခဲ့ကာ ပွဲထဲမှာ ဆက်ရှိနေဖို့ လိုအပ်ခဲ့ပြီး အရန်ခုံက ထလာတဲ့ ကစားသမားတွေက အသင်းနိုင်ပွဲအတွက် တွန်းအားပေးနို်ငအောင် ကူညီပေးနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ အားထုတ်မှုတွေကြောင့် ရလဒ်ကောင်းတွေ ရခဲ့တာပါ။ ကျွန်တော်တို့ ဖန်တီးနိုင်ခဲ့တဲ့ အခွင့်အရေးတွေကြောင့် နောက်ဆုံးမှာ ကျွန်တော်တို့နဲ့ ထိုက်တန်တာ ရခဲ့ပါတယ်”လို့ ပြောခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ လာမယ့် တနင်္ဂနွေနေ့မှာ ချဲလ်ဆီးနဲ ပရီးမီးယားလိဂ်ပွဲကျပ်ပွဲစဉ် ကစားရဦးမှာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ လက်ရှိ ပရီးမီးယားလိဂ်မှာ ဇယားထိပ်က ချဲလ်ဆီးနဲ့ ၁၂မှတ်ထိ ပြတ်နေခဲ့ပါတယ်။

#ဆိုးလ်ရှား #ဗီလာရီးရဲလ် #ချန်ပီယံလိဂ် #ကာရစ်