ရှေ့သို့
Image

တိုက်စစ်ပိုင်းအားဖြည့်ဖို့ အတွက် ချိတ်ဆက်မှုတွေ ပြုလုပ်နေဆဲဖြစ်တဲ့ မန်စီးတီး

11:22 AM, 24 November

ဂွါဒီယိုလာရဲ့မန်စီးတီး အသင်းဟာ တိုက်စစ်ပိုင်းအားဖြည့်ဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်နေဆဲဖြစ်တယ်လို့ သတင်းတွေက ဆိုပါတယ်။ တော့တင်ဟမ်တိုက်စစ်မှူး ဟယ်ရီကိန်းကို နွေရာသီတစ်လျှောက်လုံး ချိတ်ဆက်ခဲ့ပေမယ့် အသင်းဥက္ကဌ လီဗိုင်းရဲ့ငြင်းဆန်မှုကြောင့် မခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဂွါဒီယိုလာက တိုက်စစ်ပိုင်းကိုအားဖြည့်လိုနေပြီး ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းကို ချိတ်ဆက်နေပါတယ်။ ဒေါ့မွန်အသင်းကတော့ သူတို့တိုက်စစ်မှူးအတွက် ပေါင် ၆၅ သန်း အလိုရှိနေပြီး စီးတီးအသင်းက နော်ဝေသားကိုခေါ်ယူဖို့ ထိပ်ဆုံးက ဦးဆောင်နေပါတယ်။

ဟာလန်းကို အခြားတစ်ဖက်မှာလည်း ဂျူဗင်တပ်စ်အသင်းက အလိုရှိနေပါတယ်။ မန်စီးတီးအနေနဲ့ ဟာလန်းခေါ်ယူဖို့ အတွက် ဂျူဗီအသင်းနဲ့အားပြိုင်ရဖွယ်ရှိနေပါတယ်။ မန်စီးတီးဟာ ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းအပြင် ဗလန်စီယာစတား ဂါယာကိုလည်းစိတ်ဝင်စားနေပါတယ်။

မန်စီးတီးတာဝန်ရှိသူတွေဟာ တကယ်လို့ ဟာလန်းကိုအဆင်မပြေခဲ့ပါက ဆီဗီလာစတား အယ်လ်နက်ဆီရီကို အရန်အဖြစ်သတ်မှတ်ထားတယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် စီးတီးဘက်က ဟာလန်း နဲ့ ဟယ်ရီကိန်းတို့ ၂ ဦးတည်းကိုသာ ချိတ်ဆက်နေကာ အဆင်မပြေမှသာ ဆီဗီလာစတားဘက်ကို မြှားဦးလှည့်ဖွယ်ရှိနေပါတယ်။

#မန်စီးတီး #ဒေါ့မွန် #ဟာလန်း #အပြောင်းအရွှေ့ #ဂွါဒီယိုလာ