ရှေ့သို့
Image

ဆုဖလားတွေ မရပေမယ့်လည်း ပိုချက်တီနိုဟာ နည်းပြကောင်းတစ်ဦးဖြစ်တယ်လို့ ဂွါဒီယိုလာ ချီးမွန်းခန်းဖွင့်

10:27 AM, 24 November

မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပီအက်စ်ဂျီအသင်းနဲ့ ပွဲမတိုင်ခင် ပိုချက်တီနိုဟာ နည်းပြကောင်း တစ်ဦးဖြစ်တယ်လို့ ချီးကျူးလိုက်ပါတယ်။ ပိုချက်တီနိုရဲ့ပီအက်စ်ဂျီအသင်းနဲ့အနာဂတ်က မသေချာသေးတဲ့အနေအထားမျိုးရောက်နေပြီး ယူနိုက်တက်အသင်းက ချိတ်ဆက်နေတာဖြစ်ပါတယ်။

တော့တင်ဟမ်အသင်းနဲ့ ချန်ပီယံလိဂ်ဖိုင်နယ်ကိုတက်ရောက်နိုင်ခဲ့သလို ပီအက်စ်ဂျီနဲ့အတူ လီဂူးဝမ်းဖလားတွေကို မရခဲ့တာတွေက ပိုချက်တီနိုအတွက် မေးခွန်းထုတ်စရာတွေဖြစ်လာခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့ညပွဲမတိုင်ခင် ဂွါဒီယိုလာက "ဆုဖလားတစ်လုံးမှမရလည်းပဲ နည်းပြကောင်းတစ်ဦးဖြစ်နိုင်ပါတယ်။ ထိပ်တန်းအသင်းတွေမှာ ကောင်းမွန်တဲ့ရင်းနှီးမြုပ်နှံမှု နဲ့ ကစားသမားကောင်းတွေရှိမယ်ဆိုရင် ဆုဖလားအောင်မြင်မှုရနိုင်ပါတယ်။ အဲ့တာက ချန်ပီယံရှစ်ကနည်းပြတွေက ဆိုလိုခြင်းမဟုတ်ပဲ ပရီးမီးယားလိဂ်မှာ ထိပ်ဆုံး ၆ သင်းမဝင်လည်း ဆုဖလားတွေမရလည်း နည်းပြကောင်းတစ်ဦးဖြစ်နိုင်ပါတယ်"လို့ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။

ဂွါဒီယိုလာ နဲ့ ပိုချက်တီနိုဟာ ချန်ပီယံလိဂ်မှာ သမိုင်းတွေရှိခဲ့သလို ပိုချက်တီနို တော့တင်ဟမ်မှာတုန်းက ဂွါဒီယိုလာရဲ့စီးတီးကို ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ကနေ ဖြုတ်ချခဲ့တာဖြစ်ပါတယ်။ အဲ့နောက် တော့တင်ဟမ်အသင်းဟာ ချန်ပီယံလိဂ်ဖိုင်နယ်မှာ လီဗာပူးအသင်းကို ၂ ဂိုးပြတ်နဲ့ အရေးနိမ့်ပြီး ဆုဖလားလက်မဲ့ဖြစ်ခဲ့ရပါတယ်။

ပြီးခဲ့တဲ့ရာသီတုန်းကတော့ ပိုချက်တီနိုဟာ ပြင်သစ်လိဂ်ဖလားတစ်လုံးတည်းသာရရှိခဲ့ပါတယ်။ ဂွါဒီယိုလာက ပိုချက်တီနိုဟာ ၂၀၁၉ တုန်းကထက်ပိုကောင်းတဲ့နည်းပြဖြစ်လာတယ်လို့ ယုံကြည်နေပါတယ်။

"ကျွန်တော်တပ်အပ်ပြောနိုင်တာက သူဟာ ပိုကောင်းတဲ့နည်းပြတစ်ဦးဖြစ်လာပါတယ်။ သူအများကြီးသင်ယူခဲ့ပြီးပါပြီ"လို့ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။

မန်စီးတီးဟာ ပီအက်စ်ဂျီကိုအနိုင်ရရှိခဲ့ပါက အုပ်စုပထမနဲ့နောက်တစ်ဆင့်ကို တက်ရောက်နိုင်မှာဖြစ်ပါတယ်။ ဂွါဒီယိုလာရဲ့ မန်စီးတီးဟာ စက်တင်ဘာလတုန်းက ပိုချက်တီနိုရဲ့ ပီအက်စ်ဂျီကို ၂-၀ ဂိုးနဲ့ အရေးနိမ့်ထားခဲ့ပါတယ်။

#မန်စီးတီး #ပီအက်စ်ဂျီ #ဂွါဒီယိုလာ #ပိုချက်တီနို #ချန်ပီယံလိဂ်