ရှေ့သို့
Image

နိုင်ငံအသင်း နည်းပြတွေထဲမှာ ဘယ်သူလစာ အကောင်းဆုံး ဖြစ်နေသလဲ??

2:29 PM, 23 November

မနေ့ညက အင်္ဂလန်အသင်းနဲ့အတူ  ဂါရတ်ဆောက်ဂိတ်က စာချုပ်သစ် ချုပ်ဆိုခဲ့ပါတယ်။ အသက်၅၁နှစ်သားဟာ ၂၀၂၄  ဒီဇင်ဘာလအထိ အင်္ဂလန်အသင်းမှာ ဆက်ရှိနေတော့မှာ ဖြစ်ပါတယ်။ ဂါးဒီးယန်းရဲ့ဖော်ပြချက်အရ ဆောက်ဂိတ်ဟာ တစ်နှစ်ကို ပေါင်၅သန်းကျော် ၆သန်းခန့်ရရှိသွားမှာ ဖြစ်ပါတယ်။

ဆောက်ဂိတ်နဲ့အတူ နိုင်ငံအသင်းနည်းပြတွေထဲမှာ လစာအကောင်းဆုံးက ဘယ်သူတွေ ဖြစ်မလဲ ကြည့်လိုက်ရအောင်…

၁။ဆောက်ဂိတ် (အင်္ဂလန်) - ပေါင်၆သန်း
၂။ ဟန်စီ ဖလစ် (ဂျာမနီ) - ပေါင်၅.၅သန်း
၃။ ဒက်စ်ချမ်  (ပြင်သစ်) - ပေါင် ၄သန်း
၄။ မန်ချီနီ (အီတလီ) - ပေါင် ၃.၅သန်း
၅။ တီတီ (ဘရာဇီး) - ပေါင် ၃.၁သန်း
၆။ ဖာနန်ဒို ဆန်းတို့စ်  (ပေါ်တူဂီ) - ပေါင် ၂.၇၅သန်း
၇။ လူးဝစ် အင်းနရစ် (စပိန်)  - ပေါင် ၂.၅သန်း
၈။ ရော်ဘတ်တို မာတီးနက်ဇ် (ဘယ်လ်ဂျီယံ) - ပေါင် ၂သန်း
၉။ လီယိုနယ် စကာလိုနီ (အာဂျင်တီးနား) - ပေါင် ၂သန်း
၁၀။ မာတီနို (မက္ကဆီကို) - ပေါင် ၁.၆၅သန်း
ဖော်ပြထားသောလစာတွေမှာ တစ်နှစ်ရရှိသော လစာတွေ ဖြစ်ပါတယ်။

#ဆောက်ဂိတ် #အင်္ဂလန် #ဖလစ်ခ် #ဖာနန်ဒိုဆန်းတို့စ်