ရှေ့သို့
Image

ယူနိုက်တက်နည်းပြသစ်အဖြစ် ဝိန်းရွန်းနီကို ထောက်ခံခဲ့တဲ့ ပက်ဂျီဆန်

9:42 PM, 22 November

မန်ချက်စတာယူနိုက်တက် ကြယ်ပွင့်ဟောင်း ပတ်ဂျီဆန်ကတော့ ယူနိုက်တက်ဂန္တဝင် ဝိန်းရွန်းနီအနေနဲ့ တစ်ချိန်ကျရင် ယူနိုက်တက်ရဲ့ နည်းပြဖြစ်သင့်တယ်လို့ ပြောခဲ့ပါတယ်။ ရွန်းနီဟာ လက်ရှိမှာ ဘဏ္ဍာရေးပြဿနာတွေကြောင့် ဒုက္ခရောက်နေတဲ့ ဒါဘီကောင်တီအသင်းကို အစွမ်းကုန် ဆွဲတင်ဖို့ကြိုးစားလျက်ရှိပါတယ်။

ဒါပေမယ့် ပက်ဂျီဆန်ကတော့ ရွန်းနီဟာ နည်းပြလောကမှာ ထိပ်တန်းရောက်လာမယ့်သူဖြစ်ပြီး တစ်နေ့ကျရင် မန်ချက်စတာယူနိုက်တက်ကို တာဝန်ယူလိမ့်မယ်ဆိုပြီး ထောက်ခံသွားခဲ့ပါတယ်။ ပက်ဂျီဆန်က “ ကျွန်တော်ကတော့ ဝိန်းလုပ်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။ သူကအရမ်းငယ်တဲ့ အရွယ်ကတည်းက အဆင့်အမြင့်ကြီးမှာ ကစားခဲ့တော့ အခက်အခဲတွေကို ကျော်ဖြတ်တဲ့ အတွေ့အကြုံတွေ သူ့မှာအများကြီး ရှိပါတယ်။ သူ့ရဲ့ ကစားသမားဘဝကို ပြန်ကြည့်လိုက်ရင် အခုထက် ပိုခက်ခဲတာတွေကို ကျော်ဖြတ်လာခဲ့တာပါ။ 

သေချာတာကတော့ သူ့ရဲ့ခေါင်းဆောင်စွမ်းရည်က အရမ်းကို ကောင်းတာပါ။ အဲ့ဒါကြောင့် တစ်နေ့ကျရင် သူကမန်ချက်စတာယူနိုက်တက်ရဲ့ နည်းပြတစ်ယောက်ဖြစ်ကိုဖြစ်လာနိုင်ပါတယ် ” လို့ ပြောခဲ့ပါတယ်။ ပက်က ရွန်းနီရဲ့ နည်းပြအရည်အသွေးကလည်း ကောင်းမွန်တာကြောင့် ကမ္ဘာ့အကြီးဆုံး အသင်းကြီးတွေကိုလည်း တာဝန်ယူနိုင်စွမ်းရှိတယ်လို့ ထောက်ခံခဲ့ပါတယ်။ 

အခုဆိုရင် နည်းပြဆိုးလ်ရှားနဲ့ ယူနိုက်တက်တို့ လမ်းခွဲလိုက်ပြီဖြစ်ပြီး ပီအက်စ်ဂျီနည်းပြ ပိုချက်တီနိုက ယူနိုက်တက်နည်းပြနေရာအတွက် ရေးပန်းအစားဆုံး ဖြစ်လာပါတယ်။ ယူနိုက်တက်တာဝန်ရှိသူတွေကတော့ ပိုချက်တီနိုအပြင် ဇီဒန်းနဲ့ လက်စတာနည်းပြ ရော်ဂျာတို့ကိုလည်း စိတ်ဝင်စားနေပေမယ့် နှစ်ယောက်စလုံးက ခေါ်ယူဖို့ မလွယ်ပဲ ပိုချက်တီနိုကတော့ ယူနိုက်တက်နည်းပြရာထူးကို ရယူဖို့ စိတ်ဝင်စားနေပါတယ်။

#မန်ချက်စတာယူနိုက်တက် #ရွန်းနီ #ပက်ဂျီဆန်