ရှေ့သို့
Image

ဆိုးလ်ရှားရဲ့နေရာအတွက် စတိဗ်ဘရုစ်ကို ယူနိုက်တက် စဉ်းစားသင့်တယ်လို့ ဆိုးလ်ကမ်းဘဲလ် အကြံပြု

1:12 PM, 22 November

ယူနိုက်တက်အနေနဲ့ ဆိုးလ်ရှားရဲ့နေရာမှာ အစားထိုးဖို့ စတိဗ် ဘရုစ်ကို ခန့်အပ်သင့်တယ်ဆိုပြီး ဆိုးလ် ကမ်းဘဲလ်က အကြံပေးခဲ့ပါတယ်။

ယူနိုက်တက်ဟာ ယမန်နေ့က ဆိုးလ်ရှားကို ထုတ်ပယ်ခဲ့ပြီးနောက် နည်းပြသစ်၁ဦး ရှာဖွေနေခဲ့တာ ဖြစ်ပါတယ်။

နည်းပြသစ် ရှာဖွေနေတဲ့ ယူနိုက်တက်ကို အာဆင်နယ်နောက်ခံလူဟောင်း ကမ်းဘဲလ်က လက်ရှိ အခြေအနေအရ စတိဗ် ဘရုစ်ကို ရာသီကုန်ထိ ခန့်အပ်သင့်ကြောင်း ထောက်ခံပြောကြားခဲ့ပါတယ်။

ကမ်းဘဲလ်က “ခုက တော်တော်ရှုပ်ထွေးတဲ့ အခြေအနေ ဖြစ်ပါတယ်။ သူတို့ ဒီတိုင်းဆက်သွားမလား ပြောင်းလဲမလားဆိုတာပါပဲ။ သူတို့ ပြောင်းလဲရင် ငွေတော်တော်ကုန်မှာပါ။ အိုလီနောက်ပိုင်း တစ်ယောက်ယောက်ကို စျေးကြီးပေးပြီး ခေါ်ရမှာပါ”

“သူတို့မှာ သုံးစရာ ငွေအများကြီး ရှိတယ်ဆိုတာ ငိပေမဲ့ စာအုပ်ထဲ ပြန်ကြည့်ပြီး သူတို့ဘယ်နေရာလဲဆိုတာ သိသင့်ပါတယ်။ စတိဗ် ဘရုစ်ရော အဆင်ပြေမလား။ ၆လလောက်လေ။ ဘာဖြစ်မလဲ ဘယ်သူမှ မသိပါဘူး”

“ဒါပေမဲ့ သူတို့ ဒီတိုင်းဆက်သွားမလား၊ ပြောင်းလဲမလားဆိုတာ ဆုံးဖြတ်ရမယ့်အချိန်ပါပဲ။ သူတို့ ဘာလုပ်လုပ် မှားသွားတာလည်း ဖြစ်နိုင်ပါတယ်”လို့ ပြောခဲ့ပါတယ်။

စတိဗ် ဘရုစ်ဟာ ပြီးခဲ့တဲ့လ နယူးကာဆယ်ကနေ ထုတ်ပယ်ခံခဲ့ရပြီးနောက် ပေါင်၈သန်း လျော်ကြေးရခဲ့ပြီး နည်းပြဘ၀ကနေ အနားယူနိုင်ကြောင်း အရိပ်အမြွက် ဆိုခဲ့ပါတယ်။

ဘရုစ်ဟာ ယူနိုက်တက်မှာ ခံစစ်မှူးအဖြစ် ၁၉၈၇ခုနှစ်ကနေ ၁၉၉၆ခုနှစ်ထိ ကစားခဲ့ဖူးကာ ၄၁၄ပါဝင်ခဲ့ပြီး ၅၁ဂိုးသွင်းကာ ဆုဖလား ၁၂လုံး ဆွတ်ခူးခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ကမ်းဘဲလ် #စတိဗ်ဘရုစ်