ရှေ့သို့
Image

ဆိုးလ်ရှား ထွက်ရခြင်းအတွက် ယူနိုက်တက် ကစားသမားတွေကို ပြင်းထန်စွာဝေဖန်လိုက်တဲ့ ရွန်းနီ

11:33 AM, 22 November

ဝိန်းရွန်းနီဟာ ဆိုးလ်ရှား အထုတ်ခံခဲ့ရတဲ့ထိ ဖြစ်အောင် လုပ်ခဲ့တဲ့ ယူနိုက်တက် ကစားသမားတွေကို ဝေဖန်မှုတွေ ပြုလုပ်သွားခဲ့ပါတယ်။

ဆိုးလ်ရှားဟာ ဝက်ဖို့ဒ်ကို ၄-၁ဂိုးနဲ့ အရှက်တကွဲ ရှုံးခဲ့ပြီးနောက် နောက်ဆုံးမှာတော့ ထုတ်ပယ်ခံလိုက်ရပါတယ်။

လက်စတာနည်းပြ ရော်ဂျာစ်ဟာ ယူနိုက်တက်ရဲ့ နံပါတ်၁ပစ်မှတ် ဖြစ်ပေမဲ့ ရွန်းနီးကတော့ ယခုအပတ်တွေအတွင်း စွမ်းဆောင်ရည်အတွက် ပြင်းထန်စွာ ဝေဖန်ခဲ့ပါတယ်။

ရွန်းနီက “ကျွန်တော် စနေညပွဲစဉ်ကိုကြည့်ပြီး တော်တော်စိတ်ပျက်မိပါတယ်။ နည်းပြ၁ဦးအနေနဲ့ အသ်းကို တည်ဆောက်ပြီး ပြင်ဆင်နိုင်ပေမဲ့ အချို့ စွမ်းဆောင်ရည်တွေအတွက်က ဆင်ခြေပေးလို့ မရပါဘူး။ လုံး၀မရတာပါ”

“ကစားသမားတွေ လက်မောင်းကိုလှုပ်ရမ်းတာ၊ ဘောလုံးမှားပေးတာ၊ တစ်ဦးကိုတစ်ဦး ပြစ်တင်တာမျိုးတွေ လုပ်နေတာ မြင်ရပါတယ်။ အဲ့ဒါက လက်ခံနိုင်စရာ မရှိပါဘူး။ ကျွန်တော့်အသင်းသာ အဲ့လိုလုပ်နေရင် အရမ်းပေါက်ကွဲမိမှာပါ”

“ယူနိုက်တက်လို အသင်းမျိုးက ဒီလိုဖြစ်နေရင် ဒါကအသင်းကြီးတစ်သင်းလို မဟုတ်ပါဘူး။ ဒီကစားသမားတွေက ယူနိုက်တက်အတွက် ကစားဖို့ အမွေအနှစ်တွေ ပိုင်ဆိုင်ထားတာပါ။ ကျွန်တော့်အမြင်မှာ သူတို့မှာ ရှိနေတဲ့ ကစားသားတွေနဲ့ ဒီထက်ပိုကောင်းတဲ့ စွမ်းဆောင်ရည်မျိုး ပြသနိုင်ရပါမယ်။ သူတို့ လိဂ်ဖလားတွေ၊ ချန်ပီယံလိဂ်ဖလားတွေ ရရမယ်လို့ ပြောချင်တာ မဟုတ်ပေမဲ့ ဒီထက်ပိုလုပ်ပြီး အသင်းအတွက် ကြိုးစားနေတယ်ဆိုတာ ပရိသတ်ကို ပြရပါမယ်”

“ဒါကပရိသတ်တစ်ဦးအနေနဲ့ အနည်းဆုံး မျှော်လင့်နိုင်တဲ့ အရာပါပဲ။ ရလဒ်တွေက ဆိုးနေပေမဲ့ အနည်းဆုံးတော့ အားထုတ်မှု ဒီထက်ပိုကောင်းရပါမယ်။ ဆာအဲလက်စ် ဖာဂူဆန်က ကျွန်တော့်ကို ပြောခဲ့တာက နေ့တိုင်း ဘာပဲလုပ်လုပ် ကြိုးစားလုပ်ရမယ်ဆိုတာပါပဲ။ အဲ့ဒါက မှန်ကန်ပါတယ်။ မနက်တိုင်းထပြီး နှစ်တိုင်း ကြိုးစားနေရတာက အခက်ခဲဆုံး လုပ်ရတဲ့ အရာပါပဲ”လို့ ပြောခဲ့ပါတယ်။

ဆက်လက်ပြီး ရွန်းနီက “ဒါကအိုလီအတွက် ဝမ်းနည်းစရာပါ။ နည်းပြတစ်ယောက် အလုပ်ပြုတ်တာက ကောင်းတဲ့အရာ မဟုတ်ပါဘူး။ အိုလီက ယူနိုက်တက်ကို ကိုင်တွယ်ရတဲ့အတွက် ဖိအားတွေကို သိထားပါတယ်။ ရလဒ်မကောင်းရင် နည်းပြရာထူးက ပြုတ်နိုင်ချေ ရှိနေပါတယ်။ အဲ့ဒါကြောင့် အိုလီ အလုပ်ပြုတ်ခဲ့တာဖြစ်ပြီး အဲ့ဒါက အဆင်မပြေပါဘူး။ ကံမကောင်းစွာပဲ အသင်းကြောင့် ဒီလိုဖြစ်ခဲ့လို့ ဝမ်းနည်းစရာကောင်းပါတယ်”လို့ ပြောခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ရွန်းနီ #ဆိုးလ်ရှား