ရှေ့သို့
Image

ဆိုးလ်ရှား အထုတ်ခံရပြီးနောက် ယူနိုက်တက် ကစားသမားတွေကို အီဗရာ သတိပေး

10:53 AM, 22 November

ယူနိုက်တက်အသင်းနောက်ခံလူဟောင်း ပက်ထရစ်အီဗရာက အသင်းဖော်ဟောင်း ဆိုးလ်ရှားရာထူးကနေ အထုတ်ခံရပြီးနောက် ယူနိုက်တက်အသင်းသားတွေကို သတိပေးစကားဆိုလိုက်ပါတယ်။ ဆိုးလ်ရှားရဲ့ယူနိုက်တက်ဟာ စနေနေ့တုန်းက ဝက်ဖို့ဒ်အသင်းကို ၄-၁ ဂိုးနဲ့ အဝေးကွင်းမှာ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။

အသက် ၄၈ နှစ်သားဟာ မော်ရင်ဟိုထွက်ခွာပြီးနောက် ဒီဇင်ဘာလတုန်းက ယူနိုက်တက်နည်းပြ ဖြစ်လာခဲ့တာဖြစ်ပါတယ်။ ဆိုးလ်ရှားလက်အောက်မှာ ယူနိုက်တက်ဟာ ရလဒ်တွေကောင်းခဲ့ပြီး ချန်ပီယံံလိဂ်မှာ ပီအက်စ်ဂျီကို ဒုတိယအကျော့မှာ အနိုင်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

အဲ့နောက် ၂၀၁၉ မတ်လမှာ ယူနိုက်တက်နည်းပြ အဖြစ် ခန့်အပ်ခံခဲ့ရပြီး ပြီးခဲ့တဲ့ရာသီတုန်းက ဒုတိယနေရာမှာရပ်တည်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ သို့ပေမယ့် နော်ဝေသားဟာ ယူနိုက်တက်နည်းပြဘ၀ ဆုဖလား ၁ လုံးမှမရခဲ့သလို ပြီးခဲ့တဲ့ရာသီတုန်းကလည်း ယူရိုပါလိဂ်ဖိုင်နယ်တက်ရောက်နိုင်ခဲ့ပေမယ့် ဆုဖလားနဲ့လွဲချော်ခဲ့ပါတယ်။

အီဗရာက တနင်္ဂနွေနေ့တုန်းက အင်စတာဂရမ်မှာ ဆိုးလ်ရှားကို ကျေးဇူးတင်တဲ့အကြောင်း ရေးသားတင်ခဲ့ပါတယ်။  ဒါပေမယ့် အီဗရာက ယူနိုက်တက်ကစားသမားတွေကိုတော့ လာမယ့်အနာဂတ်နဲ့ပတ်သက်ပြီး သတိပေးခဲ့ပါတယ်။

“ကျေးဇူးတင်ပါတယ်။ ငါ့သူငယ်ချင်းရေ…ယူနိုက်တက်ကိုယုံကြည်လာအောင်လုပ်ပေးခဲ့လို့ပေါ့။ ကံမကောင်းစွာနဲ့ရလဒ်တွေက မင်းဘက်မှာရှိမနေခဲ့ဘူး။ လူတွေက မင်းဒီအသင်းအတွက် ဘယ်လောက်လုပ်ပေးခဲ့သလဲဆိုတာကို မေ့နေကြပါတယ်”လို့ အီဗရာက ရေးသားခဲ့ပါတယ်။

ယူနိုက်တက်ဟာ စနေနေ့က အရေးနိမ့်ခဲ့တာကြောင့် အဆင့် ၄ နေရာက ဝက်စ်ဟမ်းအသင်းနဲ့ ၆ မှတ်အထိ ကွာဟခဲ့ပြီဖြစ်ပါတယ်။ ယူနိုက်တက်ကလည်း ဆိုးလ်ရှားကို ကျေးဇူးတင်တယ်ဆိုတဲ့အကြောင်း ကြေညာချက်တစ်ရပ်ထုတ်ပြန်ခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #အီဗရာ #ဆိုးလ်ရှား