ရှေ့သို့
Image

ယူနိုက်တက်ထက် ပီအက်စ်ဂျီနည်းပြ ရာထူးကိုပဲ ပိုပြီးစိတ်ဝင်စားနေတဲ့ ဇီဒန်း

10:43 AM, 22 November

ရီးရဲလ်မက်ဒရစ် နည်းပြဟောင်းဇီဒန်းကတော့ မန်ချက်စတာယူနိုက်တက်ရဲ့ နည်းပြသစ်ဖြစ်လာဖို့ကို စိတ်မဝင်စားဘူးလို့ သိရပါတယ်။ ယူနိုက်တက်ဟာ နည်းပြအိုလီဂန်နာဆိုးလ်ရှား ထွက်ခွာသွားပြီးနောက် နည်းပြဇီဒန်းကို ချဉ်းကပ်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် ဇီဒန်းကိုယ်တိုင်ကတော့ ဒီအချိန်မှာ ယူနိုက်တက်နည်းပြတာဝန်ယူဖို့ကို စိတ်ဝင်စားခြင်း မရှိပါဘူးလို့ BBC က ဖော်ပြသွားခဲ့ပါတယ်။ ဒါ့အပြင် ဇီဒန်းဟာ မော်ရီစီယိုပိုချက်တီနို ယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့ရင် ပီအက်စ်ဂျီနည်းပြရာထူးကို လက်ခံသွားဖို့တော့ စိတ်ဝင်စားတယ်လို့ ဂီလီယန်ဘာလာဂူက ဖော်ပြခဲ့ပါတယ်။ ဇီဒန်းဟာ ပြင်သစ်လက်ရွေးစင်အသင်းကို တာဝန်ယူဖို့လည်း စိတ်ဝင်စားနေပေမယ့် လက်ရှိနည်းပြ ဒီဒီယာဒက်စ်ချမ့်ရဲ့ ပြင်သစ်အသင်းနဲ့ စာချုပ်က ၂၀၂၂ ကမ္ဘာ့ဖလားပြီးမှ သက်တမ်းကုန်ဆုံးမှာ ဖြစ်ပါတယ်။

နည်းပြဇီဒန်းဟာ ရီးရဲလ်နည်းပြအဖြစ်နဲပ ချန်ပီယံလိဂ် ၃ ကြိမ် လာလီဂါ ၂ ကြိမ် ရယူထားနိုင်ခဲ့ပါတယ်။ ၄၉ နှစ်အရွယ် နည်းပြဟာ ပြီးခဲ့တဲ့ရာသီကုန်က ရီးရဲလ်ကနေ ထွက်ခွာလာကတည်းက နည်းပြလောကကို ပြန်လည်ဝင်ရောက်ခြင်း မရှိသေးတာ ဖြစ်ပါတယ်။ ပိုချက်တီနိုကတော့ တနင်္ဂနွေနေ့ကပဲ ယူနိုက်တက်နဲ့ လမ်းခွဲခဲ့တဲ့ ဆိုးလ်ရှားရဲ့ နေရာကိုဆက်ခံဖို့ ရေပန်းစားလျက်ရှိပါတယ်။

စနေနေ့က ဝက်ဖို့ဒ်ကို အဝေးကွင်းမှာ ၄-၁ နဲ့ အရေးနိမ့်ခဲ့ပြီးနောက်မှာတော့ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။ ဆိုးလ်ရှားနေရာကို ဘယ်သူပဲဖြစ်ဖြစ် အဆင့် ၈ နေရာရောက်နေတဲ့ ယူနိုက်တက်ကို မဖြစ်မနေ အဆင့် တက်အောင် ကြိုးစားရမှာ ဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ရီးရဲလ်မက်ဒရစ် #ဆိုးလ်ရှား #ဇီဒန်း