ရှေ့သို့
Image

ကိုယ့်အသင်း ကိုယ်ပြန်လှောင်ခဲ့တဲ့ လက်စတာပရိသတ်တွေကို နည်းပြရော်ဂျာ ဝေဖန်

1:30 PM, 21 November

လက်စတာအသင်းနည်းပြ ဘရန်ဒန်ရော်ဂျာဟာ အိမ်ကွင်းမှာ ချဲလ်ဆီးကို ဝ-၃ဂိုးနဲ့ အရှက်တကွဲ အရေးနိမ့်ခဲ့ရတဲ့ ပွဲအပြီးမှာ အိမ်ရှင်အသင်းသားတွေကို ဝေဖန်ခဲ့တဲ့ လက်စတာအသင်းသားတွေရဲ့ လုပ်ရပ်အပေါ် ဝေဖန်သွားပါတယ်။ ယူနိုက်တက်နည်းပြရာထူးအတွက် သတင်းတွေထွက်ပေါ်မှုက အခုလိုရလဒ်ဆိုးနေရတာနဲ့မဆိုင်ဘူးလို့ ဖွင့်ဟခဲ့တဲ့ ရော်ဂျာက ပရိသတ်တွေရဲ့လုပ်ရပ်က လေးစားမှုကင်းမဲ့တာပဲလို့ ပြောပါတယ်။

လက်စတာဟာ ပြီးခဲ့တဲ့ရာသီက အက်ဖ်အေဖလား ရယူနိုင်ခဲ့ပေမယ့် ဒီရာသီမှာတော့ ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရပြီး ပရီးမီးယားလိဂ်မှာလည်း အဆင့် ၁၂ နေရာမှာ ရပ်တည်နေရပါတယ်။ ''ပရိသတ်တွေရဲ့လုပ်ရပ်က အရမ်းကိုစိတ်ပျက်စရာကောင်းပါတယ်။ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း အသင်းရဲ့လုပ်ဆောင်ချက်တွေအရ ကျွန်တော်တို့အသင်းဟာ လေးစားမှုနဲ့ထိုက်တန်တယ်လို့ထင်ပါတယ်။ ထိပ်ဆုံး ၆သင်းစာရင်း ဝင်နိုင်ခဲ့သလို ချန်ပီယံလိဂ်ဝင်ခွင့်ကိုလည်း စိန်ခေါ်နိုင်ခဲ့ပါတယ်''

''ပြိုင်ဘက်တချို့က ကျွန်တော်တို့ထက် ဘက်ဂျက်ပိုတောင့်တင်းသလို လူစာရင်းလည်း ပိုတောင့်ပါတယ်။ အခုလို ကိုယ့်ပရိသတ်တွေရဲ့ လှောင်ပြောင်မှုခံရတာက အသင်းအပေါ်  ဆိုးကျိုးဖြစ်စေနိုင်ပါတယ်''လို့ ရော်ဂျာက ပြောပါတယ်။

#မန်ချက်စတာယူနိုက်တက် #လက်စတာ #ရော်ဂျာ