ရှေ့သို့
Image

ဆိုးလ်ရှားကို မန်ချက်စတာယူနိုက်တက် သေချာပေါက် ထုတ်မည်ဟု အတည်ပြုလိုက်တဲ့ ရိုမာနို

9:25 AM, 21 November

၂၀၁၈ခုနှစ်ကတည်းက အသင်းကို ကိုင်တွယ်လာခဲ့ပမေယ့် ဆုဖလားတစ်စုံတရာ မရရှိထားတဲ့ ဆိုးလ်ရှားဟာ မန်ချက်စတာယူနိုက်တက် နည်းပြအဖြစ်ကနေ ထုတ်ပယ်ခံရဖို့ရှိကြောင်း သတင်းထောက်ဖာဘရီဇီယို ရိုမာနိုက အတည်ပြုပြောကြားလိုက်ပါတယ်။

ဝက်ဖို့ဒ်အသင်းကို ၄-၁ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက်မှာ ဆိုးလ်ရှားနဲ့အသင်းသားတွေဟာ ပရိသတ်တွေထံ တောင်းပန်မှု လုပ်ခဲ့ပြီး သူရဲ့ ကံကြမ္မာဟာလည်း အိုးထရက်ဖို့ဒ်တွင် မရှိတော့သလောက် ရှိလာခဲ့ပါတယ်။ ပွဲအပြီး ဆိုးလ်ရှားအား ထုတ်ပယ်ဖို့အတွက် ယူနိုက်တက်ဘုတ်အဖွဲ့ဒါရိုက်တာတွေက အရေးပေါ် အစည်းအဝေးလုပ်ခဲ့ပြီး ထွက်ပေါ်လာတဲ့ ဆုံးဖြတ်ချက်က ဆိုးလ်ရှားကို ထုတ်ပယ်ဖို့ဖြစ်တယ်လို့သိရပါတယ်။ အဆိုပါသတင်းကို စတင်ပြီး သတင်းပေးသူက နာမည်ကျော်သတင်းထောက် ရိုမာနိုဘဲ ဖြစ်ပါတယ်။

ဆိုးလ်ရှားဟာ ယူနိုက်တက်နည်းပြအဖြစ် လာမယ့်ပွဲတွေမှာ ဆက်ရှိတော့မှာမဟုတ်ဘဲ ယာယီနည်းပြ ဒါရန်ဖလက်ချာ ကိုင်တွယ်သွားမည်ဟု သိရပါတယ်။ ဆိုးလ်ရှားက နည်းပြအလုပ်ကနေ ပြုတ်ဖို့နီးစပ်နေသော်လည်း အဆိုပါကိစ္စအား ဆုံးဖြတ်ဖို့တာဝန်အရှိဆုံးသူကတော့ ပိုင်ရှင် ဂျိုရယ်ဂလေဇာဘဲ ဖြစ်ပါတယ်။ လက်ရှိ မန်ချက်စတာယူနိုက်တက် အသင်းအား စိတ်ဝင်တစား ကိုင်တွယ်လိုတဲ့ နည်းပြမရှိနေဘဲ ဇီဒန်း၊ ရော်ဂျာ၊ ရော်နယ်ကိုးမန်း တို့က အစားထိုးဝင်မယ့်သူတွေအဖြစ် ရေပန်းစားနေပါတယ်။

မန်ချက်စတာယူနိုက်တက်အနေဖြင့် နည်းပြသစ်အား ဘယ်သူခန့်မလဲဆိုတာကို အချိန်ယူစဉ်းစားနိုင်ပြီး အဘယ်ကြောင့်ဆိုသော် နည်းပြရာထူးအတွက် အကောင်းဆုံးဖြစ်နိုင်မယ့်သူကိုသာ ခေါ်ယူလိုတဲ့အတွက် ဖြစ်ပါတယ်။ ဘုတ်အဖွဲ့တွေ ယူဆတာကတော့ အသင်းရဲ့ လူစာရင်းဟာ ဆုဖလားရယူနိုင်စွမ်း ရှိနေပါတယ် ဒါပေမဲ့ ဆုဖလားတွေ ရယူနိုင်ဖို့အတွက်က မှန်ကန်တဲ့ နည်းပြကို ခန့်အပ်ဖို့က အရေးပါကြောင်းလည်း လက်ခံထားမှုတွေ ရှိနေပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဆိုးလ်ရှား #ရော်ဂျာ #ရိုမာနို