ရှေ့သို့
Image

လူမျိုးရေးခွဲခြားမှု တိုက်ဖျက်ရေးမှာ လူဖြူတွေ ဒီထက်ပိုမိုပါဝင်ဖို့ သူရမ် တိုက်တွန်း

3:53 PM, 20 November

ပြင်သစ်ဂန္ထဝင်နောက်ခံလူ သူရမ်က ပွဲကစားချိန်အတွင်း လူမည်းကစားသမားတွေ လူမျိုးရေးခွဲခြားခံရချိန် ပွဲဆက်မကစားတဲ့အနေအထားမှာ လူဖြူကစားသမားတွေ ဒီထက်ပိုမိုပါဝင်သင့်တယ်လို့ တိုက်တွန်းပါတယ်။

ပြင်သစ်အသင်းနဲ့အတူ ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့တဲ့ သူရမ်က လူဖြူကစားသမားတွေအနေနဲ့ လူမျိုးရေးခွဲခြားမှုတိုက်ဖျက်ရေးကို ပိုမိုလေ့လာပြီး သူတို့အနေနဲ့ အဲဒီတိုက်ဖျက်ရေးမှာ အကောင်းဆုံးလုပ်ဆောင်နိုင်တယ်ဆိုတာ သိနားလည်ထားဖို့ လိုအပ်တယ်လို့လည်း ပြောပါတယ်။

ဆက်လက်ပြီး သူရမ်က ဘောလုံးအာဏာပိုင်တွေအနေနဲ့ လူမျိုးရေးခွဲခြားမှုတွေကို ပိုမိုလျင်မြန်စွာ စုံစမ်းအရေးယူပြီး ဆွေးနွေးအဖြေရှာရမယ်လို့လည်း တိုက်တွန်းပါတယ်။ ပြင်သစ်အသင်းသမိုင်းတစ်လျှောက် ပွဲထွက်ခွင့်ရအများဆုံး ကစားသမားအဖြစ် စံချိန်တင်ထားတဲ့ သူရမ်က လူမျိုးရေးခွဲခြားမှုတိုက်ဖျက်ရေးမှာ အဓိကကျတာက ပညာရေးဖြစ်ပြီး ဘယ်သူမဆို ပူးပေါင်းပါဝင်နိုင်တယ်လို့ ပြောပါတယ်။

#ပြင်သစ် #သူရမ်