ရှေ့သို့
Image

ထရစ်ပီယာအဆင်ပြေပါက ဒါလော့ကို ဇန်နဝါရီ အပြောင်းအရွှေ့မှာ လက်လွှတ်ဖွယ်ရှိနေတဲ့ ယူနိုက်တက်

1:03 PM, 20 November

သတင်းတွေအရ ယူနိုက်တက်အသင်းဟာ အက်သလက်တီကိုနောက်ခံလူ ထရစ်ပီယာကို အဆင်ပြေပါက ရိုးမားအသင်းကစိတ်ဝင်စားနေတဲ့ ဒါလော့ကိုလက်လွှတ်ဖွယ်ရှိနေတယ်လို့ သိရပါတယ်။

အခုလပိုင်းကထွက်ပေါ်လာတဲ့သတင်းတွေအရ ယူနိုက်တက်နည်းပြဟောင်း မော်ရင်ဟိုဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ ဒါလော့ကိုခေါ်ယူချင်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။ နောက်ထပ်သတင်းတွေအရ ယူနိုက်တက်ဟာ ညာနောက်ခံလူနေရာအတွက် ထရစ်ပီယာကိုကာလရှည်စိတ်ဝင်စားနေပြီး တီကိုအသင်းနဲ့လည်း ၁၈ လသာစာချုပ်သက်တမ်း ကျန်ရှိတော့ပါတယ်။

မန်ချက်စတာညနေခင်းသတင်းဌာနရဲ့အဆိုအရ ထရစ်ပီယာကိုသာ အဆင်ပြေခဲ့ရင် ဒါလော့ကို အခုလာမယ့် အပြောင်းအရွှေ့မှာ လက်လွှတ်ဖွယ်ရှိနေတယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒါလော့ဟာ ဒီရာသီဆိုးလ်ရှားလက်အောက်မှာ ကစားခွင့်မရပဲ ၃ ပွဲသာ လူစားဝင်ကစားခွင့်ရရှိထားပါတယ်။ အသက် ၂၂ နှစ်သားဟာ ပြီးခဲ့တဲ့ရာသီတုန်းက အေစီမီလန်မှာ ခြေစွမ်းကောင်းတွေပြသနိုင်ခဲ့ပြီးနောက် ယူနိုက်တက်ကို ပြန်လာခဲ့တာဖြစ်ပါတယ်။

ထရစ်ပီယာကတော့ ဒီရာသီဆီမြွန်နီလက်အောက်မှာ ပုံမှန်နေရာရနေပါတယ်။ သို့ပေမယ့် အသက် ၃၁ နှစ်သားရဲ့ စွမ်းဆောင်ရည်ဟာ ဆောက်ဂိတ်ရဲ့အင်္ဂလန်အသင်းမှာ ပါဝင်နိုင်ဖို့တော့ လုံလောက်ခြင်းမရှိတာဖြစ်ပါတယ်။ ထရစ်ပီယာဟာ ဂျိမ်းစ် ၊ ဝေါ်ကာ နဲ့ အာနိုးလ်တို့ကိုမကျော်နိုင်ပေမယ့် အနာဂတ်မှာတော့ အင်္ဂလန်အသင်းမှာ ပါဝင်ချင်နေပါတယ်။

#မန်ချက်စတာယူနိုက်တက် #အက်သလက်တီကို #အပြောင်းအရွှေ့ #ထရစ်ပီယာ #ဒီယေဂိုဒါလော့