ရှေ့သို့
Image

၂၀၂၁ ဘော်လွန်းဒီအော်ဆု အတွက် သူရဲ့ စိတ်ကြိုက်ကစားသမားကို ပြောပြသွားတဲ့ မိုက်ကယ်အိုဝင်

12:56 PM, 20 November

ပရီးမီးယားလိဂ်နာမည်ကျော် တိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်က ၂၀၂၁ခုနှစ် ဘော်လွန်းဒီအော်ဆုအတွက် ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝမ်ဒေါ့စကီးကို ရွေးချယ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်က ဘော်လွန်းဒီအော်ဆု မပေးတဲ့အတွက် လီဝမ်ဒေါ့စကီးဟာ ကံမကောင်းခဲ့ပေမယ့် လက်ရှိအနေထားမှာလည်း ပိုလန်သားရဲ့ အချက်အလက်တွေကို ဘယ်သူမှ နီးစပ်အောင် မစွမ်းဆောင်ထားနိုင်သေးဘူးလို့အိုဝင်က ယုံကြည်နေပါတယ်။

Euronews ထံ အိုဝင်ကပြောရာတွင် ဘော်လွန်းဒီအော်ဆုသာ လီဝမ်ဒေါစကီးမရခဲ့ဘူးဆိုရင် ရှက်စရာတစ်ခုလို့တိုတိုရှင်းရှင်းဘဲ ပြောဆိုသွားခဲ့ပါတယ်။ လီဝမ်ဒေါ့စကီးဟာ ဘိုင်ယန်ရဲ့ မကြာသေးခင်က ရရှိခဲ့တဲ့ အောင်မြင်မှုတွေအတွက် အဓိကနေရာကနေ ခြေစွမ်းပြကစားခဲ့ပြီး အသက်၃၃နှစ်သားဟာ ဘွန်ဒက်စ်လီဂါတွင် ပွဲ၄၀မှာ ၄၈ဂိုးအထိ သွင်းခဲ့ပါတယ်။

အဲဒီနှစ်မတိုင်ခင်ကလည်း နည်းပြဟန်စီဖလစ်လက်အောက်တွင် အဓိက ဆုဖလား၃လုံးရရှိအောင် ကစားခဲ့ရာမှာ ၄၇ပွဲတွင် ၅၅ဂိုးအထိ သွင်းယူခဲ့ပါတယ်။ သူရဲ့ အောင်မြင်မှုတွေနဲ့ သွင်းဂိုးအချက်အလက်တွေအရ မနှစ်ကသာ ဘော်လွန်းဒီအော်ဆုကို ကိုဗစ်ကြောင့် ဖျက်သိမ်းခြင်းမရှိခဲ့လျှင် သေချာပေါက်ရရှိမည့် ကစားသမားဖြစ်ပါတယ်။

၂၀၂၁ခုနှစ်အတွက် ရေပန်းအစားဆုံးကစားသမားတစ်ဦးတည်း မရှိနေဘဲ မက်ဆီ၊ လီဝမ်ဒေါ့စကီး၊ ဂျော်ဂျင်ဟို၊ ဘန်ဇီးမားတို့အပြိုင် ရှိနေပါတယ်။ ၂၀၂၀-၂၁ ခုနှစ်ဟာ ဂျော်ဂျင်ဟိုအတွက် အကောင်းဆုံးနှစ်ဖြစ်ပြီး နိုင်ငံအသင်းနဲ့ရော ကလပ်နဲ့ပါ အောင်မြင်မှုတွေ သိမ်းကြုံးရခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။ အသက်၂၉နှစ်အရွယ်ကစာသးမားဟာ ချန်ပီယံလိဂ်ဖလားကို ချဲလ်ဆီးနဲ့ရခဲ့သလို ယူရို၂၀၂၀ဖလားကို အီတလီနဲ့ရခဲ့ပါတယ်။

၂၀၂၁ခုနှစ် ဘော်လွန်းဒီအော်ဆုပေးပွဲအခမ်းအနားကို နိုဝင်ဘာ ၂၉ရက် ပါရီမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

#လီဝန်ဒေါ့စကီး #ဘိုင်ယန်မြူးနစ် #မိုက်ကယ်အိုဝင်