ရှေ့သို့
Image

အပြောင်းအရွှေ့စျေးကွက်မှာ ဆာကာနဲ့ စမစ်ရိုတို့က အနည်းဆုံး ပေါင်သန်း၁၀၀ တန်တယ်လို့ ဂျိုကိုးလ် ဆို

3:06 PM, 19 November

ယခုနှစ်ရာသီ အာဆင်နယ်မှာ အထူးခြေစွမ်းပြနေတဲ့ ဘူကာယို ဆာကာနဲ့ အီမီလီ စမစ်ရိုတို့ဟာ အနည်းဆုံး ပေါင်သန်း၁၀၀တန်တယ်လို့ ဂျိုး ကိုးလ်က ယုံကြည်နေပါတယ်။

အာဆင်နယ် အကယ်ဒမီထွက် ကစားသမား၂ဦးဟာ ယခုနှစ်ရာသီ ၁၃ပွဲစီ ပါဝင်ကစားထာပြီး ၂ဦးပေါင်း ၇ဂိုးသွင်းကာ ၄ဂိုး ဖန်တီးထားနိုင်ခဲ့ပါတယ်။ ချဲလ်ဆီးကွင်းလယ်လူဟောင်းက ယခုအပတ် အစီအစဉ်တစ်ခုမှာ အဆိုပါ အာဆင်နယ် ကစားသမား၂ဦးကို ချီးကျူးသွားခဲ့တာ ဖြစ်ပါတယ်။

ဂျိုကိုးလ်က “စမစ်ရို သူက အာဆင်နယ်ကို အတူတကွ ကိုင်ဆွဲထားပါတယ်။ သူ ၂၁လား၊ ၂၂နှစ်လား။ သူက ဆာကာနဲ့အတူ သူတို့ အားကိုးရတဲ့ ကစားသမားတွေပါ။ လူငယ်လေးတွေက အဓိကကျနေပါပြီ။ အာဆင်နယ်မှာ အခု ဆာကာနဲ့ စမစ်ရိုက အနည်းဆုံး ပေါင် သန်း၁၀၀ တန်ပါတယ်”လို့ ပြောခဲ့ပါတယ်။

ဆာကာဟာ ယခုနှစ်တွေအတွင်း ခြေစွမ်းတိုးတက်လာခဲ့ပြီး ယမန်နှစ် အာဆင်နယ်ရဲ့ တစ်ရာသီအတွင်း အကောင်းဆုံး ကစားသမားဆု ရခဲ့သလို အင်္ဂလန်အသင်းမှာလည်း အထူးခြေစွမ်းပြခဲ့ပါတယ်။ အလားတူ ၂၀၂၁ခုနှစ် ရွှေဘောလုံးဆု ဆန်ခါတင်စာရင်းမှာလည်း ပါဝင်နေခဲ့ပါတယ်။

တစ်ဖက်မှာ ၂၁နှစ်အရွယ် စမစ်ရိုကလည်း အသင်းမှာ အပိုင်နေရာတစ်ခု ယူထားခဲ့ပြီး ယမန်နှစ်ရာသီ ဘောက်ဆင်ဒေးပွဲအဖြစ် ချဲလ်ဆီးကို ၃-၁ဂိုးနဲ့ နိုင်အောင် ကူညီပေးခဲ့ပါတယ်။ ၂ဦးစလုံးဟာ ပြီးခဲ့တဲ့ နိုင်ငံတကာပွဲစဉ်တွေအတွင်း အင်္ဂလန်လူစာရင်းမှာ ပါင်ခဲ့ပြီး စမစ်ရိုက အယ်လ်ဘေးနီးယားကို နိုင်ခဲ့တဲ့ပွဲမှာ ပထမဆုံး ပါဝင်ခွင့် ရခဲ့ပါတယ်။

အဲ့ဒီနောက် ဆန်မာရီနိုကို ၁၀ဂိုးပြတ် နိုင်ခဲ့တဲ့ပွဲစဉ်မှာလည်း ပထမဆုံး ပွဲထွက်ခွင့်ရခဲ့ကာ ၁ဂိုးသွင်း၊ ၁ဂိုး ဖန်တီးနိုင်ခဲ့ပါတယ်။

#အပြောင်းအရွှေ့ #ဆာကာ #ဂျိုကိုးလ် #စမစ်ရို