ရှေ့သို့
Image

လူသတ်ရန် ကြံစည်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စွဲချက်တင်ခံလိုက်ရတဲ့ ကွင်စီ ပရုန်းစ်

11:00 AM, 19 November

နယ်သာလန် တောင်ပံကစားသမား ကွင်စီ ပရုန်းစ်ဟာ မိသားစု တွေ့ဆုံပွဲမှာ အကိုတစ်ဝမ်းကွဲဖြစ်သူရဲ့ ဒူူကို ဓားနဲ့ ထိုးခဲ့တယ်ဆိုပြီး စွပ်စွဲခံခဲ့ရကာ စွဲချက်တင်ခံလိုက်ရကြောင်း သိရပါတယ်။

တစ်ပတ်လုပ် ပေါင် ၅၀၀၀၀ ရနေတဲ့ စပါးတက်မော်စကို တောင်ပံကစားသမားဟာ တရားလိုဘက်က တင်ပြမှုမှာ နာမည်တပ်ပြောခြင်း မရှိပေမဲ့ နယ်သာလန် မီဒီယာတွေကတော့ ပရုန်းစ်ကို တရားခံအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ ၂၉နှစ်သားဟာ အမျိုးဖြစ်သူရဲ့ ဒူးခေါင်းကို ဓားနဲ့ ထိုးခဲ့ပြီး ထိုးခံရသူက ပြင်းထန်စွာ ဒဏ်ရာရရှိသွားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပရုန်းစ်ဟာ ယမန်နှစ် ဒီဇင်ဘာလလယ်က ဖမ်းဆီးခံခဲ့ရပြီးနောက် ပြန်လာလွတ်လာခဲ့ပြီး အမ်စတာဒမ်မြို့ အပြင်ဘက်ရှီ အက်ဒ်ကူဒီက မိသားစုပါတီပွဲမှာ ဖြစ်ပျက်ခဲ့တာပါ။ ပရုန်းစ်အနေနဲ့ အမျိုးဖြစ်သူနဲ့ စကားများကာ လုံးထွေးထွက်ပေါ်ခဲ့ကာ အခြား မိသားစုဝင်တွေက ဝိုင်းဝန်ဖြန်ဖြေခဲ့ရတယ်လို့ စွပ်စွဲထားခဲ့ပါတယ်။

အမျိုးဖြစ်သူဟာ ပြီခဲ့တဲ့ နိုဝင်ဘာက တရားစွဲခဲ့တာ ဖြစ်ပြီး ရဲတွေရဲ့ စွပ်စွဲခဲ့ပြီးနောက် တရားလိုတွေက ပရုန်းစ်ကို ဆက်ပြီး တရားစွဲခဲ့ကြပါတယ်။  ခံရသူနဲ့ ရှေ့နေတို့ဟာ ဆက်ပြီး တရားစွဲလိုကြောင်း အကြောင်းကြားခဲ့ပါတယ်လို့ အဆိုပါ ထုတ်ပြန်ချက်ထဲ ဖော်ပြကြပါတယ်။

ပရုန်းစ်ဟာ ၂၀၁၉ခုနှစ်က ဆီဗီလာကနေ အေဂျက်စ်ကို ယူရို ၁၃သန်းနဲ့ ပြောင်းသွားခဲ့ကာ သိပ်မကြာခင်မှာပဲ စပါးတက်ကို ရောက်သွားခဲ့ပြီး ၂၀၁၇ခုနစ် ရုရှားမှ အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ နယ်သာလန်အတွက် ၂၀၁၄ခုနှစ်မှာ စတင်ပွဲထွက်ခဲ့ပြီးနောက် ပွဲ၅၀မှာ ၇ဂိုး သွင်းထားခဲ့ပါတယ်။

#နယ်သာလန် #စပါးတပ်မော်စကို #ပရုန်းစ်