ရှေ့သို့
Image

လက်စတာနဲ့ ပွဲမတိုင်ခင် လေ့ကျင့်ခန်း ပြန်ဆင်းခဲ့ပြီဖြစ်တဲ့ ချဲလ်ဆီး ကစားသမား ၃ ဦး

10:56 AM, 19 November

ချဲလ်ဆီးအသင်းကတော့ လက်စတာအသင်းနဲ့ပွဲမတိုင်ခင် ဒဏ်ရာရကစားသမား ၃ ဦးဖြစ်တဲ့ တီမိုဝါနာ ၊ မေဆင်မောင့်နဲ့ အလွန်ဆိုတို့ အခုမနက်ခင်းမှာ လေ့ကျင့်ခန်းပြန်ဆင်းခဲ့ပြီဖြစ်ပါတယ်။ တူချယ်ဟာ ပြိုင်ပွဲစုံနောက်ဆုံး ၅ ပွဲကို ဦးစားပေးတိုက်စစ်မှူးမပါပဲ ကစားခဲ့ရတာဖြစ်ကာ လူကာကူနဲ့ တီမိုဝါနာတို့ဟာ ဒဏ်ရာအသီးသီးရရှိနေခဲ့ကြပါတယ်။

ဝါနာဟာ တံကောက်ကြောဒဏ်ရာကြောင့် လက်ချင်စတန်းနဲ့ အာမေးနီးယားတို့ပွဲကို မပါဝင်နိုင်ခဲ့ကာ အခုအပတ်မှာကစားမယ့် လက်စတာနဲ့ပွဲမတိုင်ခင် ကြံ့ခိုင်မှုပြန်လည်ပြည့်ဝလာခဲ့တာဖြစ်ပါတယ်။ ဝါနာအပြင် မေဆင်မောင့် နဲ့ အလွန်ဆိုတို့ ၂ ဦးစလုံးလည်း ပါဝင်လာဖွယ်ရှိနေကာ နိုင်ငံတကာရက်သတ္တပတ်မတိုင်ခင်တုန်းက ချဲလ်ဆီးဟာ ဘန်လေကို သရေသာကစားနိုင်ခဲ့ပါတယ်။

မေဆင်မောင့်ဟာ ဆောက်ဂိတ်ရဲ့အင်္ဂလန်အသင်းမှာ ပါဝင်ခဲ့ပေမယ့် သွားခွဲစိတ်ရမှာဖြစ်တာကြောင့် နှုတ်ထွက်ခဲ့တာဖြစ်ပါတယ်။ အလွန်ဆိုကတော့ ခြေကျင်းဝတ်ဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့ကာ လူကာကူ နဲ့ ကိုဗာဆစ်တို့လည်း လေ့ကျင့်ခန်းအစီအစဉ်မှာ ပါဝင်ခဲ့ပါတယ်။

ချဲလ်ဆီးအသင်းဟာ ဒုတိယနေရာက မန်စီးတီးအသင်းကို ၃ မှတ်ဖြတ်ပြီး ထိပ်ဆုံးကနေ ဦးဆောင်နေကာ ၁ ပွဲသာ အရေးနိမ့်ထားခဲ့ပါတယ်။ အခုအပတ်မှာတော့ လက်စတာအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ကာ  ပရီးမီးယားလိဂ် ၂ ပွဲဆက် နိုင်ပွဲပျောက်ထားခဲ့ပါတယ်။ နိုင်ငံတကာရက်သတ္တပတ်အတွင်း တူချယ်က ဆောင်းရာသီဟာ ကစားသမားတွေအတွက် ခက်ခဲနိုင်တယ်လို့ သတိပေးပြောကြားခဲ့ပါတယ်။

“ဒီဇင်ဘာ နဲ့ ဇန်နဝါရီလပွဲတွေကိုကြည့်လိုက်ပါ။ အများကြီးပါ။ အဲ့လတွေက အခက်ခဲဆုံးဖြစ်လာနိုင်ပါတယ်”လို့ တူချယ်က ပြောကြားခဲ့ပါတယ်။

#ချဲလ်ဆီး #မားကို့စ်အလွန်ဆို #မေဆင်မောင့် #ဝါနာ