ရှေ့သို့
Image

ရော်ဂျာယူနိုက်တက် ပြောင်းပါက လက်စတာနည်းပြ ရာထူးကို လမ်းပတ် စိတ်ဝင်စားနေ

1:21 PM, 18 November

သတင်းတွေအရ ချဲလ်ဆီးနည်းပြ လမ်းပတ်ဟာ လက်စတာနည်းပြ ရော်ဂျာသာ ယူနိုက်တက်နည်းပြအဖြစ် ပြောင်းရွှေ့ခဲ့ရင် လက်စတာအသင်းနည်းပြလုပ်ဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

လမ်းပတ်ဟာ ချဲလ်ဆီးကနေ အထုတ်ခံရပြီးနောက် ကလပ်အသင်းလက်မဲ့ဖြစ်နေပြီး အသင်းတစ်ချို့က ခေါ်ယူဖို့ စိတ်ဝင်စားနေတာဖြစ်ပါတယ်။ ပဲလေ့စ် ၊ နယူးကာဆယ် နဲ့ နောဝစ်ချ်တို့က ချိတ်ဆက်ခဲ့သေးပေမယ့် အခုချိန်မှာအဆိုပါအသင်းတွေက နည်းပြအသစ်တွေခန့်အပ်ပြီးဖြစ်ပါတယ်။

အခုထွက်ပေါ်လာတဲ့သတင်းတွေအရ လမ်းပတ်ဟာ လက်စတာနည်းပြဖြစ်လာဖို့ ရေပန်းစားနေတယ်လို့ သိရပါတယ်။ ယူရိုစပေါ့တ်သတင်းဌာနရဲ့အဆိုအရ လမ်းပတ်ဟာ လက်စတာအသင်းနည်းပြရာထူးအခြေအနေကို စောင့်ကြည့်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။

အသက် ၄၃ နှစ်သားဟာ လာမယ့်နည်းပြနေရာကို မှန်ကန်တဲ့အသင်းမှာအခြေချချင်နေပါတယ်။ လက်စတာ အသင်းကလည်း ရော်ဂျာကိုလက်လွှတ်ခဲ့ရပါက လမ်းပတ်ကို အလိုရှိနေပါတယ်။  မကြာသေးခင်တုန်းက လမ်းပတ်တစ်ယောက် နယူးကာဆယ်အသင်းနည်းပြဖြစ်လာဖို့ ရေပန်းစားခဲ့သေးတာဖြစ်ပါတယ်။

#ချဲလ်ဆီး #လက်စတာ #လမ်းပတ် #ရော်ဂျာ