ရှေ့သို့
Image

ဆန်းချက်ဇ်တစ်ယောက် ယူနိုက်တက်ကို ပြောင်းခဲ့တာဟာ မှားယွင်းတယ်လို့ မီကာရစ်ချက် ထောက်ပြ

1:18 PM, 18 November

မန်စီးတီးနောက်ခံလူဟောင်း မီကာရစ်ချက်က ဆန်းချက်ဇ်ဟာ အာဆင်နယ်မှာပဲဆက်နေသင့်ခဲ့ကြောင်းနဲ့ ယူနိုက်တက်ကိုမပြောင်းသင့်ဘူးလို့ ဝန်ခံပြောကြားလိုက်ကာ ရယ်စရာကုန်ပစ္စည်းတစ်ခုလို့ ဆိုလိုက်ပါတယ်။ ချီလီသားဟာ ၂၀၁၄ တုန်းက ဘာစီလိုနာကနေ ပေါင် ၃၅ သန်းနဲ့ အာဆင်နယ်ကိုပြောင်းလာခဲတာဖြစ်ကာ ခြေစွမ်းကောင်းတွေပြသနိုင်ခဲ့တာကြောင့် ခေါင်းစဉ်ကြီးတွေမှာ ဖော်ပြခံခဲ့ရပါတယ်။

ဆန်းချက်ဇ်ဟာ အာစင်ဝင်းဂါးလက်အောက်မှာ အဓိက ကကစားသမားတစ်ဦးဖြစ်လာခဲ့ပြီး ပရီးမီးယားလိဂ် ၁၂၂ ပွဲမှာ ၆၀ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပာ ၂၀၁၅ နဲ့ ၂၀၁၇ မှာ အက်ဖ်အေဖလားတွေရယူပေးနိုင်ခဲ့ကာ ဖိုင်နယ် ၂ ခုစလုံးမှာ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ အဲ့နောက် မထင်မှတ်ပဲ ၂၀၁၈ မှာ အာဆင်နယ်ကနေ ယူနိုက်တက်ကို ပြောင်းရေ့ွှ့ခဲကာ ၃၂ ပွဲမှာ လိဂ်ဂိုး ၃ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။

“သူ(ဆန်းချက်ဇ်)က ယူနိုက်တက်အတွက် ရယ်စရာကုန်ပစ္စည်းတစ်ခုလို့ဆိုနိုင်ပါတယ်။ အာဆင်နယ်မှာတုန်းက အရည်အသွေးရှိပြီး အလုပ်ကြိုးစားတဲ့စကေးကောင်းတဲ့ကစားသမားပါ။ ယူနိုက်တက်ကို ပြောင်းချိန်မှာတော့ အဲ့တာတွေက ပျောက်ကွယ်သွားပါတယ်”လို့ မီကာရစ်ချက်က ပြောကြားခဲ့ပါတယ်။

အသက် ၃၂ နှစ်သားဟာ ၂၀၂၀ ကတည်းက အင်တာမီလန်မှာကစားနေပြီး ပြီးခဲ့တဲ့ရာသီတုန်းက ကွန်တီကိုက စီးရီးအေ ချန်ပီယံဖြစ်အောင် ကူညီပေးခဲ့ပါတယ်။ ဆန်ချက်ဟာ ဒီရာသီမှာတော့ အင်တာအတွက် ၁ ဂိုးသာ သွင်းယူပေးထားနိုင်ခဲ့ကာ ပြီးခဲ့တဲ့အပတ်က ပါရာဂွေးအသင်းကို ၁-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာတော့ အနိုင်ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #မန်စီးတီး #အပြောင်းအရွှေ့ #ဆန်းချက်ဇ် #မီကာရစ်ချက်