ရှေ့သို့
Image

စီးရီးအေစတား ၃ ဦးကို ဇန်နဝါရီ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ ပြင်ဆင်လာတဲ့ နယူးကာဆယ်

11:08 AM, 18 November

သတင်းတွေအရ နယူးကာဆယ်အသင်းဟာ လာမယ့်ဇန်နဝါရီ အပြောင်းအရွှေ့မှာ စီးရီးအေ ကစားသမား ၃ ဦးဖြစ်တဲ့ အင်တာစတား ဒီဗာဂျီ ၊ ဘရိုဇိုဗစ် နဲ့ လာဇီယို ဂိုးသမား သောမက်စ်တို့ကို ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

နယူးကာဆယ်ဟာ ဆော်ဒီသူဌေးတွေဝယ်ယူပြီးနောက် အခုလာမယ့်အပြောင်းအရွှေ့မှာပဲ လူအင်အားဖြည့်တင်းဖို့ ပြင်ဆင်လာခဲ့တာဖြစ်ပါတယ်။ နယူးကာဆယ်ဟာ ဒီရာသီအမှတ်ပေးဇယားရဲ့အဆင့် ၁၉ နေရာ ရောက်နေတာကြောင့် ဘရုစ်ကိုထုတ်ပယ်ပြီး နည်းပြသစ်အဖြစ် အက်ဒီဟိုဝီကိုလည်း နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။

တိုင်းမ်စ်သတင်းဌာနရဲ့အဆိုအရ နယူးကာဆယ်အသင်းဟာ အင်တာမီလန်စတား ၂ ဦးဖြစ်တဲ့ ဒီဗာဂျီ နဲ့ ဘရိုဇိုဗစ်တို့အပြင် လာဇီယိုစတား သောမက်စ်တို့ကိုပါ ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒီဗာဂျီဟာ ဒီရာသီမှာလည်း အင်တာမီလန် နောက်တန်းမှာ ခြေစွမ်းကောင်းတွေပြသနေပြီး စီးရီးအေပွဲအားလုံးကို ပါဝင်ကစားခွင့်ရရှိထားပါတယ်။

ဒါ့အပြင် ဘရိုဇိုဗစ်ကလည်း ဒီရာသီ နည်းပြ အင်ဇာဂီလက်အောက်မှာ အရေးကြီးတဲ့ကစားသမားတစ်ဦးအဖြစ် ကစားနေကာ ကွင်းလယ်မှာမရှိမဖြစ်ကစားသမားတစ်ဦးလို့တောင်ဆိုနိုင်ပါတယ်။ ခရိုအေးရှားသားဟာ ကွင်းလယ်ခံစစ်ကစားသမားတစ်ဦးဖြစ်တာကြောင့် နွေရာသီတုန်းက ပေါင် ၂၅ သန်းနဲ့ခေါ်ယူထားတဲ့ ဝီလ်လော့ခ်ကို မထိခိုက်နိုင်တာဖြစ်ပါတယ်။

နယ်သာလန်သားရောက်လာပါက နောက်တန်းနေရာကို ပိုပြီးအင်အားတောင့်တင်းသွားစေမှာဖြစ်ပါတယ်။ အင်တာဟာ နွေရာသီတုန်းက ဘဏ္ဍာရေးအခက်အခဲကြောင့် လူကာကူနဲ့ ဟာကီမီတို့ကိုရောင်းချထားခဲ့ရပါတယ်။ လာဇီယိုဂိုးသမားကိုတော့ နယူးကာဆယ်အသင်းနည်းပြ ဟိုဝီကထောက်ခံပေးခဲ့တာဖြစ်ပါတယ်။ စထရာကိုရှာဟာ ပြီးခဲ့တဲ့အပတ်တုန်းက အယ်လ်ဘေးနီးယားအတွက် ၅ ဂိုးအထိပေးခဲ့ရတဲ့ဂိုးသမားတစ်ဦးဖြစ်ပါတယ်။

အသက် ၂၆ နှစ်သားဟာ လာဇီယိုမှာ ၂ ရာသီအတွင်း ဒုတိယဦးစားပေးဂိုးသမားအဖြစ်သာ ကစားခွင့်ရထားပါတယ်။

#နယူးကာဆယ် #အပြောင်းအရွှေ့ #သောမတ်စ် #ဘရိုဇိုဗစ်