ရှေ့သို့
Image

ယူနိုက်တက်ဟာ ဆိုးလ်ရှားနဲ့ အောင်မြင်မှုတွေ ရယူဖို့ ဆုံးဖြတ်ထားတယ်လို့ ဝုဒ်ဝါ့ဒ် ဆို

10:14 AM, 18 November

အက်ဒ် ဝုဝါ့ဒ်က ယူနိုက်တက်အသင်းဟာ ဖိအားတွေ များနေတဲ့ နည်းပြ ဆိုးလ်ရှားနဲ့အတူ အောင်မြင်မှုတွေ ရယူဖို့ ဆုံးဖြတ်ထားကြောင်း ပြောသွားခဲ့ပါတယ်။ ယူနိုက်တက်ဟာ လီဗာပူးနဲ့ မန်စီးတီးတို့ကို အရှက်တကွဲ ရှုံးခဲ့ပြီးနောက် စနေညမှာတော့ ဝက်ဖို့ဒ်နဲ့ ဆက်လက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

လက်ရှိ အသင်းရဲ့ ခြေစွမ်းဆိုးရွားနေမှုတွေကြောင့် နည်းပြ ဆိုးလ်ရှားရဲ့ စွမ်းဆောင်ရည်အပေါ် မေးခွန်းထုတ်မှုတွေ များပြားလာခဲ့ပါတယ်။ Daily Mailရဲ့ ဖော်ပြချက်အရ ယူနိုက်တက် တာဝန်ရှိသူတွေဟာ ဆိုးလ်ရှားနဲ့သာ ယခုနှစ်ရာသီကို ဆက်သွားဖို့ ဆန္ဒပြင်းပြနေပြီး နည်းပြသစ် လဲရမယ်ဆိုတဲ့ တောင်းဆိုမှုတွေကို လျစ်လျူရှုထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် အမှုဆောင်ချုပ် ဝုဒ်ဝါ့ကလည်း ဆိုးလ်ရှားနဲ့သာ ဆက်သွားဖို့ စီစဉ်ထားကြောင်း ပြောပြလာခဲ့ပါတယ်။

ဝုဒ်ဝါ့ဒ်က “ကပ်ရောဂါအတွင်း ဘဏ္ဍာရေးအရ ထိခိုက်မှုတွေ ရှိနေချိန်မှာ ကျွန်တော်တို့ အောင်မြင်ချင်တာက ကွင်းထဲက အောင်မြင်မှုပါ။ နည်းပြ ကစားသမားတွေနဲ့ အသင်းကလူ အားလုံးဟာ အဲ့ဒီ ရည်မှန်းချက်ကို ရယူဖို့ ဆုံးဖြတ်ထားကြပါတယ်”လို့ ပြောခဲ့ပါတယ်။

ယူနိုက်တက်က ကိုဗစ်အပြီး အိုးထရက်ဖို့ဒ် ကွင်းပြည့် ပရိသတ် ပြန်လက်ခံခွင့် ရခဲ့တဲ့အတွက် လွန်ခဲ့တဲ့၃လက ဝင်ငွေတွေ ၁၆% တိုးလာခဲ့တယ်လို့ ကြေညာထားခဲ့ပါတယ်။ ယူနိုက်တက်ဟာ နွေရာသီအတွင်း အသင်းကို အင်အားဖြည့်တင်းတဲ့အနေနဲ့ ရော်နယ်ဒို၊ ဗာရာနီ၊ ဆန်ချိုနဲ့ တွမ် ဟီတန်တို့ကို ခေါ်ယူပေးထားခဲ့ပါတယ်။

အဆိုပါ ကစားသမား၄ဦးရဲ့ လစာက တစ်ပတ်လုပ်ခ ပေါင် ၁.၃သန်းထိ အသင်းရဲ့ လစာထဲ တိုးတက်လာပေမဲ့ ကုန်ကျစရိတ်က ကွင်းထဲမှ ရလဒ်ကို ထင်ဟပ်နေခြင်း မရှိပါဘူး။

#မန်ချက်စတာယူနိုက်တက် #ဆိုးလ်ရှား #ဝုဒ်ဝါ့ဒ်