ဗီလာကနေထွက်လာပြီး ၈ရက်အကြာမှာဘဲ နောဝစ်ချ် နည်းပြသစ်ဖြစ်လာတဲ့ ဒင်းစမစ်
9:26 AM, 18 November
အက်စတွန်ဗီလာကနေ ထွက်ခွာလာပြီး ၈ရက်အကြာမှာဘဲ ဒင်းစမစ်ဟာ နောဝစ်ချ်နည်းပြသစ်ဖြစ်လာခဲ့ပြီး နည်းပြလောကထဲ ချက်ချင်းဝင်ရောက်ခဲ့ပါတယ်။ သူအနေနဲ့လည်း အသက်၁၆နှစ်အရွယ်ကတည်းက ဘောလုံးလောကနေ ထွက်ပြီး ၄လထက်ပိုကြာတဲ့ အချိန်လောက်ကို အနားမယူကြောင်း ဖွင့်ဟပါတယ်။“ကျွန်တော်မှာ အေးဆေးနားလို့ရတာတွေ ရှိပါတယ် ရေခဲသေတ္တာထဲက ဝက်ပေါင်ခြောက်က ဒိတ်မလွန်သေးသလို အိမ်အပြင်ဘက်ရဲ့ ဥယျာဉ်လေးကလည်း အမြဲတမ်းကြည့်ပျော်ရူပျော်ပါဘဲ ဂေါ့ဖ်ရိုက်ဖို့လည်း အချိန်ကောင်းဘဲလေ ။ဒါပေမဲ့ နိုးဗျ ကျွန်တော်က အလုပ်လုပ်ရတာ သိပ်ကြိုက်သူပါ။ အလုပ်မှာ ကျွန်တော်က တော်တဲ့သူဆိုတာ စဉ်းစားမိတယ်”ဟု နောစ်ချ်နည်းပြသစ် ဖြစ်လာသူ ဒင်းစမစ်က ဆိုသည်။ ဗီလာကနေ ထွက်ပြီးမကြာဘူး သူမိန်းမက သားရှိရာ နယူးယောက်ခ်ကို ခရီးသွားဖို့ချက်ချင်းစီစဉ်ထားတယ်လို့ ဆက်ပြောပါတယ်။ “ကျွန်တော်မိန်းမက ထင်ထားတာထက်ကို အစီအစဉ်တွေချထားတယ်” ဟု ပြုံးရင်း စမစ်က ပြောပါတယ်။
“မိန်းမနဲ့လည်း ပထမဆုံးအကြိမ် ခွေးနဲ့အတူ အိမ်ထဲမှာ ဆော့ကစားရင်း စကားပြောဖြစ်တယ်။ သူမက ကလေးတွေရှိရာ သွားတွေ့ဖို့စီစဉ်ထားတယ်လို့ပြောတယ် သူမက တကယ့်ကို ပြတ်ပြတ်သားသားဆုံးဖြတ်ထားတာပါ” ဆက်လက်ပြီး နောဝစ်ချ်အသင်းကို တန်းမဆင်းရအောင် ကိုင်တွယ်ရမယ့်အပေါ် သူရဲ့အမြင်ကို စမစ်က ပြောပါတယ်။
“အလုပ်က စွန့်စားရမယ်ဆိုခဲ့ရင်တောင် ကျွန်တော် နည်းပြအဖြစ် ယူမှာမဟုတ်ပါဘူး။ ကျွန်တော်တို့လိဂ်ပွဲ၂၇ပွဲအထိ ကျန်နေသေးတယ်။ အမှတ်တွေ အများကြီးရဖို့ကျန်နေသေးတယ်။ ခြေစွမ်းကျနေတဲ့ အစုအဖွဲ့ကောင်းတဲ့ အသင်းတစ်သင်း အဖြစ် ရှိနေပါတယ်။ ကျွန်တော်တို့အလုပ်က စွမ်းဆောင်ရည်ကောင်းတွေ ရဖို့ပါ”ဟု ပြောကြားသွားခဲ့ပါတယ်။
#နောဝစ်ချ် #အက်စတွန်ဗီလာ #ဒင်းစမစ်