ရှေ့သို့
Image

ထူးခြားတဲ့ မျက်လုံးဒဏ်ရာကြောင့် ရက်အနည်းငယ် ထပ်နားရဦးမယ့် ကာတစ်ဂျုံးစ်

3:09 PM, 17 November

လီဗာပူးအသင်းရဲ့ ဆရာဝန်တွေကတော့ ကွင်းလယ်လူ ကာတစ်ဂျုံးစ်ဟာ ထူးဆန်းတဲ့ မျက်လုံးဒဏ်ရာ ရရှိထားတာကြောင့် ရက်သတ္တပတ် အနည်းငယ် ထပ်နားရလိမ့်မယ်လို့ ဝန်ခံခဲ့ပါတယ်။ အသက် ၂၀ အရွယ် ကွင်းလယ်လူဟာ ဒီဒဏ်ရာကြောင့်လည်း လီဗာပူးက အက်သလက်တီကိုမက်ဒရစ်ကို ၂-၀ နဲ့အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်ကို လွဲချော်ခဲ့ရတာ ဖြစ်ပါတယ်။

လီဗာပူးအသင်း ဆရာဝန်ဂျွန်မော့ဆွန်က “ ဒဏ်ရာသိပ်မပြင်းပါဘူး။ အမြင်အာရုံထိခိုက်သွားတာမျိုးလည်း မရှိဘူး။ ဒါပေမယ့် ချက်ချင်းကြီး ကွင်းထဲဝင် ကစားနိုင်ဦးမှာတော့ မဟုတ်ဘူး။ နည်းနည်းတော့ လန့်စရာကောင်းတယ်၊ အရမ်းကံဆိုးလို့သာ ဒီလိုမျက်လုံးမှာဒဏ်ရာရတာပါ ဒါပေမယ့် သိပ်မပြင်းတဲ့အတွက် စိုးရိမ်စရာတော့ မရှိပါဘူး။ ဒါပေမယ့် သတိထားဖို့တော့လိုတယ်၊ ပြန်သက်သာဖို့ အချိန်ယူပြီး ကုသရပါမယ်၊ အလျင်လိုနေလို့မရဘူး၊ အဲဒါကြောင့် ချက်ချင်းပြန်မကစားနိုင်သေးဘူးလို့ ပြောတာ”လို့ ပြောခဲ့ပါတယ်။

လီဗာပူးကွင်းလယ်လူဟာ ဒီဒဏ်ရာကို မက်ဒရစ်ကလပ်နဲ့ ချန်ပီယံလိဂ်ပွဲစဉ်မတိုင်မီ ထရိန်နင်မှာ ရရှိခဲ့တာ ဖြစ်ပါတယ်။ အသက် ၂၀ အရွယ် ကွင်းလယ်လူရဲ့ မျက်လုံးကိုလက်နဲ့ထိုးမိခဲ့တာဖြစ်ပြီး ဂျုံးစ်အနေနဲ့ အနားယူရလိမ့်မယ်လို့ နည်းပြဂျာဂန်ကလော့ပ်ကလည်း ပြောခဲ့ပါတယ်။

ကလော့ပ်က “မနေ့ညက ထရိန်နင်က ဂျုံးစ်အတွက် ကံဆိုးတဲ့ထရိန်နင်ပါပဲ။ သူ့မျက်လုံးကိုလက်နဲ့ ခိုက်မိသွားပါတယ်၊ ရုတ်တရက် မမြင်တော့တဲ့ အနေအထား ဖြစ်သွားပြီး၊ ခဏတော့ နားရဦးမယ်ထင်တယ်။ ဘဝမှာ အဲ့ဒီလို မထင်မှတ်တဲ့ ပြဿနာတွေလည်း ဖြစ်လာတတ်တယ်”လို့ပြောခဲ့ပါတယ်။

#လီဗာပူး #ကာတစ်ဂျုံးစ်