ရှေ့သို့
Image

လက်စတာအသင်းနဲ့ ပွဲမတိုင်ခင် ဒဏ်ရာရအခြေအနေကို ထုတ်ဖော်ပြောကြားလိုက်တဲ့ ချဲလ်ဆီး

12:51 PM, 17 November

ချဲလ်ဆီးအသင်းတိုက်စစ်မှူး လူကာကူ နဲ့ အလွန်ဆိုတို့ကတော့ လက်စတာအသင်းနဲ့ကစားမယ့်ပွဲအတွက် အသင်းရဲ့လေ့ကျင့်ခန်း အစီအစဉ်မှာ ပါဝင်လာတယ်လို့သိရပါတယ်။ လူကာကူဟာ ပြီးခဲ့တဲ့လတုန်းက မယ်လ်မိုအသင်းနဲ့ ချန်ပီယံလိဂ်ပွဲမှာ ဒဏ်ရာရရှိခဲ့တာဖြစ်ကာ အလွန်ဆိုကလည်း ပြီးခဲ့တဲ့ ဘန်လေနဲ့ပွဲကို ခြေကျင်းဝတ်ဒဏ်ရာကြောင့် လွဲချော်ခဲ့ပါတယ်။

အသက် ၂၈ နှစ်အရွယ် ဘယ်လ်ဂျီယံသားဟာ ကြံ့ခိုင်မှုပြဿနာရှိနေပေမယ့် လက်စတာနဲ့ပွဲမှာ ပါဝင်နိုင်မယ်လို့ တူချယ်က မျှော်လင့်နေပါတယ်။ ချဲလ်ဆီးကတော့ တနလာၤနေ့တုန်းက ထရိန်နင်မှာ လူကာကူ နဲ့ အလွန်ဆိုတို့ ပါဝင်နေကြတဲ့ပုံတွေကို တင်ခဲ့တာဖြစ်ပါတယ်။

လူကာကူဟာ အင်တာကနေ ပြောင်းလာပြီးကတည်းက ချဲလ်ဆီးမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တာဖြစ်ပါတယ်။ ဘယ်လ်ဂျီယံသားဟာ ဒီရာသီပြိုင်ပွဲစုံ ၁၀ ပွဲမှာ ၄ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ကာ လက်စတာနဲ့ပွဲမှာ ပြန်လည်ပါဝင်လာနိုင်ဖွယ်ရှိနေပါတယ်။ အလွန်ဆိုဟာ တူချယ်လက်အောက်မှာနေရာရနေပြီး ၁ ဂိုးသွင် ၊ ၁ ဂိုးဖန်တီးပေးထားနိုင်ပါတယ်။ ချဲလ်ဆီးအနေနဲ့ လက်ရှိအမှတ်ပေးဇယားမှာ ဒုတိယနေရာက မန်စီးတီးကို ၃ မှတ်ဖြတ်ပြီး ဦးဆောင်နေပါတယ်။

“ကျွန်တော်တို့ ဒီရာသီကတကယ်ကောင်းတဲ့ရာသီတစ်ခုပါ။ နည်းပြအဖွဲ့ဝင်တွေကလည်း အကောင်းဆုံး လုပ်ဆောင်နေပါတယ်။ လက်ရှိအဆင့်ရပ်တည်မှုက ကျေနပ်နိုင်စရာဆိုပေမယ့် ပွဲတိုင်းနိုင်ဖို့ လိုအပ်နေဆဲပါ။ ပရီးမီးယားလိဂ်မှာက ပြိုင်ဘက်က ကိုယ့်ကိုအလဲထိုးနိုင်ပါတယ်။ ချန်ပီယံဆုအတွက် ၂ ကောင်တည်းပြေးတဲ့ဲပြိုင်ပွဲ မဟုတ်ပါဘူး”လို့ ပီတာချက်ကလည်း ပြောကြားခဲ့ပါတယ်။

#ချဲလ်ဆီး #လက်စတာ #မားကို့စ်အလွန်ဆို #လူကာကူ