ရှေ့သို့
Image

၂၁ မှတ်လျှော့ပြစ်ဒဏ် ချမှတ်ခံလိုက်ရတဲ့ဒါဘီ လိဂ်-၁ကို တန်းဆင်းရဖို့ ရာခိုင်နှုန်းပိုများလာ

8:51 PM, 16 November

ယူနိုက်တက်ဂန္ထဝင်တိုက်စစ်မှူး ရွန်နီ ဦးဆောင်တဲ့ ဒါဘီအသင်းဟာ ၂၁ မှတ်အထိ အမှတ်လျှော့ပြစ်ဒဏ်ချမှတ်ခံခဲ့ရပြီးနောက် ချန်ပီယံရှစ်ကနေ လိဂ်-၁ ကို တန်းဆင်းရဖို့ ရာခိုင်နှုန်းပိုများလာပါတယ်။

သိပ်မကြာသေးခင်နှစ်တွေက ပရီးမီးယားလိဂ်ကို တန်းတက်ဖို့အထိ အခြေအနေကောင်းခဲ့တဲ့ ဒါဘီဟာ ဘဏ္ဍာရေးပြဿနာတွေကြောင့် အစိုးရရဲ့ စီမံခန့်ခွဲမှု ဝင်ခဲ့ရပြီးနောက် ၁၂ မှတ်လျှော့ပြစ်ဒဏ် ချမှတ်ခံထားရပြီးဖြစ်ကာ ယခုလည်း ငွေကြေးသုံးစွဲမှုစည်းမျဉ်းတွေ ချိုးဖောက်မှုကြောင့် နောက်ထပ် ၉ မှတ်လျှော့ပြစ်ဒဏ် ချမှတ်ခံခဲ့ရတာပါ။

စုစုပေါင်း ၂၁ မှတ်လျှော့ပြစ်ဒဏ်ကြောင့် ဒါဘီအသင်းဟာ -၃ မှတ်နဲ့ ဇယားအောက်ဆုံးမှာ ရပ်တည်နေရပြီး တန်းဆင်းဇုန်ထဲကနေ လွတ်မြောက်ဖို့ ၁၈ မှတ်အထိလိုအပ်နေရာ ရွန်နီအနေနဲ့ အသင်းကို ချန်ပီယံရှစ်မှာ ဆက်လက်ရပ်တည်စေဖို့ အတော်လေးရုန်းကန်ရဖွယ်ရှိနေပါတယ်။

တကယ်လို့ ဒါဘီအသင်းအနေနဲ့ အမှတ်လျှော့ပြစ်ဒဏ်တွေသာမရှိခဲ့ရင် တန်းဆင်းဇုန်နဲ့ အနည်းငယ်ဝေးရာ အဆင့် ၁၈ နေရာမှာ ရပ်တည်နေမှာဖြစ်ပေမယ့် အခုတော့ တန်းတင်ကျန်ရစ်ဖို့ မဖြစ်နိုင်သလောက်ဖြစ်နေပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဒါဘီ