ရှေ့သို့
Image

ကမ္ဘာ့ဖလားခြေစစ်ပွဲ(ဥရောပဇုန်) ပွဲကြိုခန့်မှန်းချက်များ

2:48 PM, 16 November

ဘော့စနီးယား - ယူကရိန်း (နံနက် ၂း၁၅)
--------------------------------
ဘော့စနီးယားဟာ ဖင်လန်ကို ရှုံးခဲ့ပြီးနောက် ခြေစစ်ပွဲမအောင်ဖို့ သေချာသွားခဲ့ပြီး ယနေ့ည အနိုင်ရရင်တော့ အဆင့်၃နေရာ တက်နိုင်မယ့် အခြေအနေ ရှိနေပါတယ်။ ယူကရိန်းကတော့ ယနေ့ညနိုင်ပွဲရမှ အဆင့်၂နေရာ မျှော်လင့်နိုင်မှာ ဖြစ်တာကြောင့် အသည်းအသန် ဖွင့်တိုက်လာနိုင်ပါတယ်။ လက်ရှိ အခြေအနေအရ ဘော့စနီးယားရဲ့ အခြေအနေ ဆိုးနေတဲ့အနေအထားမှာ ယူကရိန်းပဲ အနိုင်ယူသွားဖို့ ရှိနေပါတယ်။

ဖင်လန် - ပြင်သစ် (နံနက် ၂း၁၅)
-------------------------------
ဖင်လန်တို့ ဘော့စနီးယားကို နိုင်ခဲ့ပြီးနောက် ယနေ့ညပွဲမှာ အနည်းဆုံး သရေလိုအပ်နေသလို တစ်ဖက်က ယူကရိန်းရဲ့ အခြေအနေကို စောင်ကြည့်ဖို့ လိုနေပါတယ်။ ပြင်သစ်ကတော့ နောက်တစ်ဆင့်တက်ပြီဖြစ်တာကြောင့် ယနေ့ည သာမန်လောက်သာ ကစားလာနိုင်ပါတယ်။ ဖင်လန်ရဲ့ ရုန်းအားနဲ့အတူ ပြင်သစ်က အရန်တွေနဲ့ ပွဲထုတ်လာနိုင်တဲ့ အခြေအနေမှာ အိမ်ရှင်ဘော်ဒီနဲ့သာ ရပ်တည်ရမှာပါ။

#ပွဲကြိုသုံးသပ်ချက် #ပြင်သစ် #ကမ္ဘာ့ဖလားခြေစစ်ပွဲ #ယူကရိန်း #ဘော့စနီးယား #ဖင်လန်