ရှေ့သို့
Image

လိုကွန်ဂါဟာ ယာယာတိုရေး လက်သစ်ဖြစ်လာမယ့်သူလို့ အာတီတာကို ကွန်ပနီ အသိပေးခဲ့

2:29 PM, 16 November

မန်စီးတီးနောက်ခံလူဟောင်း ကွန်ပနီက အာဆင်နယ်ကွင်းလယ်လူ လိုကွန်ဂါဟာ ယာယာတိုရေး လက်သစ်ဖြစ်လာမယ့်သူလို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

အာဆင်နယ်ဟာ လိုကွန်ဂါကို အန်ဒါလက်ချ်အသင်းထံကနေ ပေါင် ၁၇.၂ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ကာ အသင်းကြီးမှာ ပွဲထွက်ခွင့်တစ်ချို့ရရှိနေပါတယ်။ အသက် ၂၂ နှစ်သားဟာ အာတီတာရဲ့ယုံကြည်မှုကို ရရှိခဲ့ကာ ဒီရာသီပြိုင်ပွဲစုံ ၁၂ ပွဲအထိ ပါဝင်ကစားခွင့်ရရှိခဲ့ကာ ဘောလုံးကိုရဲရဲဝံ့ဝံ့ကိုင်ကစားနိုင်တာဖြစ်ပါတယ်။

စက်တင်ဘာလတုန်းက ဒူးဒဏ်ရာကြောင့် ဇာခါ တစ်ယောက်ကာလရှည်အနားယူခဲ့ရပြီးနောက် လိုကွန်ဂါဟာ ပါတေးနဲ့အတူ ကွင်းလယ်မှာ ပွဲထွက်ကစားခွင့်ရရှိနေပါတယ်။ မန်စီးတီးဂန္ထဝင် ကွန်ပနီက သူဟာဘယ်လ်ဂျီယံအသင်းမှာ လိုကွန်ဂါရဲ့တိုးတက်မှုကို စောင့်ကြည့်ခဲ့သလို အာတီတာကိုလည်း တိုက်တွန်းခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ အန်ဒါလက်ချ်အသင်းကိုနည်းပြ အဖြစ် ပြောင်းရွှေ့ခဲ့ပြီးနောက်မှာတော့ အာတီတာကို လိုကွန်ဂါအားခေါ်ယူဖို့ ထောက်ခံမှုပေးခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်မန်စီးတီးမှာကစားစဉ်ကတည်းက အနာဂတ်နည်းပြဘဝအတွက် ကြိုတင်စဉ်းစားထားခဲ့ပါတယ်။ မတူညီတဲ့နိုင်ငံတွေက ဘောလုံးပွဲတွေကိုကြည့်ရှုခဲ့ပါတယ်။ အဲ့မှာ ကျွန်တော် အန်ဒါလက်ချ်မှာကစားနေတဲ့ လိုကွန်ဂါကိုတွေ့ခဲပါတယ်။ အဲ့နောက်သူကြီးမားတဲ့ ဒူးဒဏ်ရာရရှိခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်မြင်မြင်ချင်းမှာပဲ အာတီတာနဲ့ ဂွါဒီယိုလာတို့ကို အသိပေးခဲ့ပြီး သူ့ကိုစောင့်ကြည့်ဖို့ သူဟာ ယာယာတိုရေးလက်သစ်ဖြစ်လာနိုင်မယ်လို့ ပြောကြားခဲ့ပါတယ်။ အဲ့နောက်ကျွန်တော် အန်ဒါလက်ချ်နည်းပြသစ်ဖြစ်လာခဲ့ပြီး သူနဲ့လက်တွဲလုပ်ခဲ့ရပါတယ်။ ပြီးတော့ အာတီတာနဲ့လည်း စကားပြောဖြစ်ခဲ့ပါတယ်။ ကျွန်တော်ကတော့ အာတီတာကိုလိုကွန်ဂါဟာ ယာယာတိုရေးလက်သစ်ဖြစ်လာနိုင်တယ်လို့ ဆက်လက်ထောက်ခံခဲ့ပါတယ်”

“လိုကွန်ဂါဟာ ဘောလုံးကိုင်ကစားဖို့မကြောက်တဲ့ကောင်လေးပါ။ ယာယာတိုရေးနဲ့တော်တော်ကို ဆင်တူပါတယ်။ သူက ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ် ဘောလုံးကိုရယူချင်နေတဲ့ကောင်လေးပါ။ အသင်းကစားပုံကောင်းကောင်း မကောင်းကောင်း သူ့ဆီကိုဘောလုံးပေးစေချင်နေတဲ့သူမျိုးပါ။ တာဝန်ယူမှု အမြဲတမ်းလုပ်ချင်တဲ့ကောင်လေးမျိုးပါ။ သူ့မှာ တိုးတက်မှုလိုအပ်နေသေးတယ်ဆိုပေမယ့် သူဘာလုပ်ရမလဲဆိုတာ သူသိပါတယ်။ တစ်ချိန်တည်းမှာပဲသူ့မှာ ယာယာတိုရေးလိုစွမ်းရည်မျိုးရှိနေပါတယ်။ အသင်း တစ်သင်းမှာ ဘောလုံးလက်ခံရယူဖို့ မကြောက်မလန့်တဲ့ကစားသမားမျိုးလိုအပ်ပါတယ်။ မင်းအနေနဲ့ ဗဟိုနောက်ခံလူတစ်ဦးဖြစ်တယ်ဆို မင်းအလုပ်က ဘောလုံးကို ဟန့်တားရမှာပါ။ ဆမ်ဘီက ပွဲရဲ့အရှိန်အကို အတင်အချလုပ်နိုင်တဲ့ကစားသမားပါ။ ကျွန်တော်အတွက်တော့ ဆမ်ဘီမှာ ထူးခြားတဲ့အရည်အချင်းတွေ ရှိနေပါတယ်”လို့ ကွန်ပနီက ပြောကြားခဲ့ပါတယ်။

#မန်စီးတီး #လိုကွန်ဂါ #ကွန်ပနီ #ယာယာ တိုရေး