ရှေ့သို့
Image

အဆန်စီရိုအနေနဲ့ လီဗာပူးထက် အာဆင်နယ်ကိုသာပြောင်းသင့်တယ်လို့ မက်စ်မနာမန် အခိုင်အမာဆို

2:29 PM, 16 November

လီဗာပူးကစားသမားဟောင်း မက်စ်မနာမန်က  ရီးရဲလ်စတား မာကိုအဆန်စီရိုအနေနဲ့ နွေရာသီမှာ အသင်းကနေထွက်ခွာဖွယ်ရှိပါက လီဗာပူးထက် အာဆင်နယ်ကိုသာပြောင်းသင့်တယ်လို့ တိုက်တွန်းပြောကြားလိုက်ပါတယ်။ စပိန်ကလာတဲ့သတင်းတွေအရ အာဆင်နယ် နဲ့ လီဗာပူးတို့ ရီးရဲလ်စတား အဆန်စီရိုကိုခေါ်ယူနိုင်ဖို့ ထိပ်ဆုံးကနေ ဦးဆောင်နေကြတာဖြစ်ပါတယ်။


ရီးရဲလ်ကွင်းလယ်လူဟောင်း မက်စ်မနာမန်က အာဆင်နယ်အနေနဲ့ အူဘာမီယန်း နဲ့ လာကာဇက်တီတို့နေရာမှာ အဆန်စီရိုကို အစားထိုးခေါ်ယူသင့်တယ်လို့ ပြောကြားခဲ့ပါတယ်။ “အဆန်စီရိုက ရီးရဲလ်အသင်းမှာ ပုံမှန်ကစားခွင့်မရပါဘူး။ ပြီးခဲ့ဲ့တဲ့ ၂ နှစ်တုန်းက သူက တော်တော်လေးကောင်းခဲ့ပါတယ်။ ၂၀၁၇ တုန်းက ဂျူဗင်တပ်စ်နဲ့ချန်ပီယံလိဂ်ဖိုင်နယ် ၊ ယူအီးအက်ဖ်အေစူပါဖလား ၊ ဘာစီလိုနာအသင်းနဲ့ပွဲတွေမှာ ဂိုးတွေသွင်းယူပေးနိုင်ခဲ့ပါတယ်။


အဲ့နောက်ပိုင်းကတည်းက ဒဏ်ရာရတာတွေကြောင့် ရီးရဲလ်အသင်းမှာ နေရာမရတော့ပါဘူး။ တကယ်လို့ သူသာနွေရာသီမှာ ထွက်ခွာဖြစ်ခဲ့ရင် အာဆင်နယ်ကိုသွားဖို့ တိုက်တွန်းချင်ပါတယ်။ အူဘာမီယန်းက ကစားသမားဘဝနေဝင်ချိန်ရောက်နေပါပြီ။ လာကာဇက်တီကလည်းစာချုပ်သက်တမ်းကုန်တော့မှာပါ။  အဆန်စီရိုအနေနဲ့ အာဆင်နယ်ကိုသာပြောင်းသင့်ပါတယ်။ အိုဒီဂတ်လည်းရှိနေတာကြောင့် အဆင်ပြေမှာပါ”လို့ မက်စ်မနာမန်က ပြောကြားခဲ့ပါတယ်။


ရီးရဲလ်နည်းပြသစ် အန်ဆယ်လော့တီကတော့ ဘရာဇီးစတား ဗင်နီးဆီးယက်စ်ကိုသာ အသုံးပြုနေပြီး အဆန်စီရိုကို အရန်ခုံသာထားထားတာကြောင့် အသင်းကနေ ထွက်ခွာဖို့ဖြစ်လာပါတယ်။ အဆန်စီရို နဲ့ သူရဲ့အေးဂျင့်ကလည်း ရီးရဲလ်အသင်းမှာကစားခွင့်ရဖို့ တောင်းဆိုထားပေမယ့် တကယ်လို့မပြေပါက ကမ်းလှမ်းမှုတွေကို လက်ခံစဉ်းစားဖို့ ပြင်ဆင်နေပါတယ်။


ဒေါ့မွန်အသင်းက ဟာလန်းထွက်ခွာမှာဖြစ်တာကြောင့် နော်ဝေသားနေရာမှာ အဆန်စီရိုကိုအစားထိုးခေါ်ယူချင်နေပါတယ်။ ဒါပေမယ့် အဆန်စီရိုကတော့ ပွဲကစားခွင့်ပိုလိုချင်နေပြီး ပုံမှန်ပွဲထွက်ခွင့်ရမှသာ ပြောင်းရွှေ့ဖွယ်ရှိနေပါတယ်။ 

#လီဗာပူး #အာဆင်နယ် #မက်မနာမန် #ဆန်စီရို