ရှေ့သို့
Image

သူ့အတွက် အခက်ခဲဆုံးပရီးမီးယားလိဂ် ပြိုင်ဘက်နှစ်ဦးအကြောင်း ဆွေးနွေးလာတဲ့ ရီဂူလွန်

1:28 PM, 16 November

တော့တင်ဟမ်အသင်း ဘယ်နောက်ခံလူ ရီဂူလွန်က သူ့အတွက် အခက်ခဲဆုံးပြိုင်ဘက်တွေအဖြစ် စီးတီးကစားသမားတွေဖြစ်တဲ့ ညာနောက်ခံလူ ဝေါ်လ်ကာနဲ့ တောင်ပံကစားသမား မာရက်ဇ်တို့ကို သတ်မှတ်လိုက်ပြီး အင်္ဂလိပ်ဘောလုံးလောက ၁နှစ်ကျော်အတွေ့အကြုံတွေကို မျှဝေလာပါတယ်။ အသက် ၂၄နှစ်အရွယ်ရှိ စပိန်လက်ရွေးစင် ရီဂူလွန်ဟာ စက်တင်ဘာလက ရီးရဲလ်ကနေ ပေါင် ၂၄သန်းနဲ့ အပြီးသတ်ရောက်ရှိခဲ့ပြီး အသင်းအတွက် စုစုပေါင်း ၄၉ပွဲကစားပေးထားပါတယ်။


''စီးတီးနဲ့ကစားရတဲ့အခါ ထိန်းချုပ်ဖို့ အရမ်းခက်တဲ့ကစားသမားက တစ်ယောက်မဟုတ်ဘူး၊ နှစ်ယောက်ဖြစ်ပါတယ်''လို့ ရီဂူလွန်က ပြောပါတယ်။ အင်္ဂလန်လက်ရွေးစင် ဝေါ်လ်ကာဟာ ယခုရာသီမှာ စီးတီးအတွက် ပြိုင်ပွဲစုံ ၁၃ပွဲကစားပေးထားပြီး ဘရုဂျက်ကို ၅-၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ချန်ပီယံလိဂ်ပွဲမှာ ဂိုးပါ သွင်းယူနိုင်ခဲ့ပါတယ်။


မာရက်ဇ်ကလည်း ယခုရာသီမှာ ဆက်လက်ခြေစွမ်းပြနေပြီး ပြိုင်ပွဲစုံ ၁၅ပွဲမှာ ၈ဂိုးအထိသွင်းယူထားပါတယ်။ တော့တင်ဟမ်ဟာ လာမယ့်ရက်သတ္တပတ်အကုန်မှာတော့ လိဒ်စ်ယူနိုက်တက်နဲ့ အိမ်ကွင်းပွဲကစားရမှာဖြစ်ပြီး အောက်တိုဘာလ ၁၇ ရက်နေ့က နယူးကာဆယ်ကို ၂-၃ ဂိုးနဲ့အနိုင်ရပြီးနောက် ပရီးမီးယားလိဂ်မှာ ၃ပွဲဆက်နိုင်ပွဲပျောက်နေပါတယ်။

#တော့တင်ဟမ် #မာရက်ဇ် #ရီဂူလွန်